နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သနပ်ပင်မြို့နယ် အကြမ်းဖက်ဖောက်ခွဲရေးသမား ၅ ဦး လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

သနပ်ပင်၊  ဇူလိုင် ၁၂


ဇူလိုင် ၁၀ ရက်၊ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန် စံပြ    (၄)လမ်းထိပ်ရှိ    အပျိုကြီး လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ လက်ဖက်ရည် ဆိုင်တွင် မွန်စံပြ(၇)လမ်း၊ ဟင်္သာကုန်း ရပ်ကွက်နေ ရာအိမ်မှူး ဦးသောင်းငွေ (ခ)   သကြားလုံး (၆၂)နှစ် (ဘ)ဦးကလွေပါ  အမျိုးသား ၅ ဦးတို့မှာ လက်ဖက်ရည်  ထိုင်သောက်နေစဉ် ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက် သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်အတွင်းသို့ သေနတ်ဖြင့် ၅ ချက် ပစ်ခတ် မောင်းနှင်ထွက်ပြေးသွားသဖြင့် ဦးသောင်းငွေ(ခ)  သကြားလုံးတွင်   ဦးခေါင်းပေါက်ပြဲ    ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌   သေဆုံးခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ဦးထွန်းထွန်းဦး (၄၉)နှစ် (ဘ) ဦးချစ်သောင်းတွင် ဝမ်းဗိုက်၊ ယာလက်မောင်း၊ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးဌေးကျော် (၄၈)နှစ် (ဘ)ဦးဘကြိုင်တွင် ဝဲဘက်နား အနောက်ဘက် ကျည်ရှပ်ထိဒဏ်ရာ၊ ဦးအောင်ထွန်း(ခ)ဦးထွန်း (၇၂)နှစ် (ဘ)ဦးနိုင်အောင်ထွန်းတွင် ယာပခုံး ကျည်ဖောက်ဝင်ဒဏ်ရာများ  အသီး သီးရရှိခဲ့သဖြင့် ဆေးဝါး ကုသနိုင်ရေး ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ စဉ် ဦးထွန်းထွန်းဦးမှာ ထပ်မံသေဆုံး သွားခဲ့ပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသူများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိစဉ် တာဝန်သိပြည်သူများက ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အောက်စု ပိုင်း ရပ်ကွက်၊ ကျိုက္ကစင် လယ်ကွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ကိုင်သူ များ ရောက်ရှိနေကြောင်း သတင်းပေး ပို့မှုအရ ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ကျိုက္ကစင်   လယ်ကွင်းအတွင်းမှ နေအောင်(၂၅)နှစ် (ဘ)ဦးသိန်းနိုင် ပိုင်ဆိုင်သည့်   လယ်တဲအတွင်းမှ နေအောင်နှင့် အောင်အောင်တို့ ၂ ဦး ကို ဂျင်ကလိ ၈ ချောင်း၊ ဒူးလေး ၁ လက်၊ ဖုန်းဓါတ်ခဲ ၁ ခု၊ လက်လုပ်မိုင်း ၁ လုံး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း ၁ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် ရှာဖွေခဲ့ရာ အဆိုပါ လယ်တဲအနီးတွင် အပြာရောင်မိုးကာစ အုပ်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ မိုးကာအောက်ရှိ မြေကြီးထဲ၌ မြှုပ်ထား သော အဝါရောင်ကော်ပုံး အတွင်းမှ ဝါယာကြိုး    တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းကြိုး တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၃ လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အနီးတွင်ရှိနေသော ကမာနတ်ကျေးရွာ နေ စနေ(၂၃)နှစ်၊ (ဘ)ဦးတင်စိုး၊ သန်းထိုက်နှင့် ကြည်စိုးတို့ ၃ ဦးကို တွေ့ရှိရသဖြင့် ထိန်းသိမ်းဖမ်းဆီးခဲ့ပါ သည်။                                    ဆွေဦး







အခြားဆက်စပ်သတင်းများ