နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်အတွင်းသုံးနေရာ ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊  ဇူလိုင် ၁၁


ဗိုလ်တထောင်မြို့နယ်၊ ၆ရပ်ကွက် ဗိုလ်တထောင် ဘုရားလမ်းနှင့်  ကုန်သည်လမ်းထောင့် ယာဉ်ထိန်း ကင်းရုံ၊ (၄)ရပ်ကွက်၊ ဗိုလ်တထောင် စျေးလမ်းနှင့် ကမ်းနားလမ်းထောင့် ယာဉ်ထိန်းကင်းရုံနှင့် ၃ ရပ်ကွက်၊ စန္ဒကူးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့တွင် ဇူလိုင် ၁၁ ရက်၊ နံနက် ၅ နာရီခွဲ အချိန်က ပေါက်ကွဲမှုဖြစ် ပွားသည်။ ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ၆ ရပ်ကွက်၊ ဗိုလ်တထောင် ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် ယာဉ်ထိန်းကင်းရုံအတွင်း အရှည် ၅ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်ရှိ ကွဲထွက်နေသည့် သံပိုက်တစ်ခု၊ KZGup တံဆိပ်ပါ keypad ဖုန်းအပိုင်းအစများ၊ တိတ်အပြာကပ်ထားသည့် ဓာတ်ခဲ တစ်လုံးနှင့် ယမ်းအနံ့ရဘောစေ့တို့ကို တွေ့ရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ယာဉ် ထိခိုက်မှုမရှိဘဲ ယာဉ်ထိန်းကင်းရုံ၏ ယာဘက်လေကာမှန် များကွဲခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်နှစ်သောင်း ခန့် ဆုံရှုံးခဲ့ကြောင်း၊ ၄ ရပ်ကွက်၊ ဗိုလ်တထောင်စျေးလမ်းနှင့် ကမ်းနား လမ်းထောင့် ယာဉ်ထိန်းရုံအတွင်း အရှည်  ၅ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်ရှိ ကွဲထွက်နေသည့် သံပိုက် တစ်ခု၊ KZGup တံဆိပ်ပါ Keypad  ဖုန်းအပိုင်းအစများ၊ တိပ်အပြာကပ် ထားသည့် ဓာတ်ခဲတစ်လုံးနှင့် ယမ်း အနံ့ရ ဘောစေ့တို့ကို တွေ့ရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ယာဉ် ထိခိုက်မှုမရှိဘဲ ယာဉ်ထိန်းကင်းရုံ၏ အရှေ့ မျက်နှာစာ လေကာမှန်များ ကွဲခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်နှစ်သောင်းခန့် ဆုံရှုံးခဲ့ကြောင်း၊ ၃ ရပ်ကွက်၊ စန္ဒကူးလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အရှည် ၅ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်ရှိ ကွဲထွက်နေသည့် သံပိုက်တစ်ခု KZGup တံဆိပ်ပါ Keypad ဖုန်းအပိုင်းအစများ၊ တိတ်အပြာကပ်ထားသည့် ဓာတ်ခဲတစ် လုံးနှင့် ယမ်းအနံ့ရ ဘောစေ့တို့ကို တွေ့ရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ယာဉ် ထိခိုက်မှုမရှိဘဲ ရုံးဝင်ပေါက်တံခါးရွက် များပျက်စီးခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်သောင်းခန့်  ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဖောက်ခွဲမှုများမှာ အများ ပြည်သူ အထိတ်တလန့်ဖြစ်စေရန်နှင့် အသက်အန္တရာယ်ကို ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ထားသော အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲသည့် လက်လုပ်ဗုံး (ဖုန်း)ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အကြမ်းဖက် ဖောက်ခွဲသူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ