နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၌ မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလက်ဖောင်းကျော်တက်ကာ ယာဉ်တိုက်မှုဖြစ်ပွား

မင်းဘူး ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ဧရာဝတီတံတား (မကွေး)၊ မင်းဘူးဘက်ခြမ်း၌ ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးပလက်ဖောင်းကျော် တက်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရ သည်။


ဖြစ်စဉ်မှာ (ဇူလိုင်လ ၈ ရက်)  ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ကျွဲသိုး မြှောင်ကျေးရွာ၊ ဧရာဝတီ တံတား(မကွေး)၊ မင်းဘူးဘက်ခြမ်း၊ တိုးဂိတ်အနီးတွင် မကွေးဘက်မှ မင်းဘူးဘက်သို့ ယာဉ်မောင်းတင် အောင်ဆန်း မောင်းနှင်လာသော ယာဉ် အမှတ် (7K/------) TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော် ယာဉ်မှာ အရှိန်မထိန်းနိုင် ဘဲလမ်းယာ ဘက်ခြမ်းရှိ လမ်းဘေး ပလက်ဖောင်း အားကျော်တက်ကာ၊ ဖြူ/နီကြား ကွန်ကရစ်တိုင် နှစ်တိုင်နှင့် လမ်း ဘေးမီးတိုင်တို့ကို ဝင်တိုက်မိပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားခဲ့သည်။ 


ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မော် တော်ယာဉ်မှာ ရှေ့ခေါင်းခြမ်းနှင့် လေကာ မှန်တို့ကျေမွ ပျက်စီးပြီး ရှေ့ယာဘီးကျွတ်ထွက်ကာ နောက် ကဘများကွဲ၍ ယာဉ်မောင်းသူ အမျိုးသားမှာ ပွန်းပဲ့ဒဏ်ရာများသာရ ရှိပြီး မင်းဘူးခရိုင် ပြည်သူ့ဆေးရုံ၊ ပြင်ပ လူနာဌာနတွင် (မစိုးရိမ်ရ) ဒဏ်ရာဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း မင်းဘူး မြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင် သူ ယာဉ်မောင်း တင်အောင်ဆန်းကို မင်းဘူးမြို့မရဲစခန်းတွင် ယာဉ် (ပ) ၂၃/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ