နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါအရှိန် မြင့်တက်ချိန်တွင် ပြည်သူများ ပူးပေါင်းပါဝင်စေချင်

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးမှု မှတားဆီးနိုင်ရေး စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူနိုင်ရေး နှင့် ဗီဇပြောင်းဗိုင်းရပ်စ်များ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခြင်း ကာကွယ် ရေး တို့ အတွက် ကာကွယ်ဆေးထိုးရေးကို ဦးစားပေး ဆောင်ရွက် ကြရမည် ဖြစ်သလို ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အချက်များ အပျက် မကွက်လိုက်နာရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ ပြည်သူ များအား တိုက်တွန်းထားသည်။


ထိုသို့ ဆိုးရွားစွာ ဖြစ်ပေါ်ပျံ့နှံ့လာသည့် ရောဂါဆိုးကြီးကို မည်သို့ ကာကွယ်တားဆီးကြမည်ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ကြရမည်ဖြစ်သည်။


ယနေ့လူသားအားလုံးကို စိန်ခေါ်နေသော ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ်၏ ကူးစက်မှုနှုန်းမှာ မြန်ဆန်ပြီး ထိခိုက်မှုနှုန်းလည်း မြန်သည့် ဒယ်လ်တာပိုး အမျိုးအစားဟု ဆိုကြသည်။


ကြိုတင်ကာကွယ်နည်းမှာ ခက်ခဲစွာ လိုက်နာဆောင်ရွက်ရမည် မဟုတ်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မိသားစုသန့်ရှင်းရေး၊ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေး၊ ကျန်းမာရေးဌာနနှင့် မြို့တော် စည်ပင်သာယာရေးဌာနများက  ထုတ်ပြန်ထားသည့်  စည်းကမ်း အတိုင်း လိုက်နာရေးတို့ပင်ဖြစ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသည် မိမိနှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်နေ သော မြို့တော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို အသက်အန္တရာယ်ကြား ကပင် နေ့မအား ညမနား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်က မြို့တော်သန့်ရှင်းရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေသော်လည်း ရောဂါစတင်ဖြစ်ပွား ချိန်မှစ၍ သန့်ရှင်းရေးလုပ်ငန်းများကို သမရိုးကျစီမံခန့်ခွဲမှုမျိုး မဟုတ်တော့ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး အခြေအနေ အချိန်အခါနှင့် ကိုက်ညီမည့် စီမံခန့်ခွဲမှုနည်းစနစ်များကို ပြန်လည် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။


သန့်ရှင်းရေးလုပ်ငန်းစီမံခန့်ခွဲမှုနည်းစနစ်သစ်နှင့် စပ်လျဉ်း၍  မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတာဝန်ရှိသူက ရှင်းလင်းရာတွင် အဓိကပြည်သူများ နေ့စဉ်စွန့်ပစ်မှုအမှိုက်များ၊ ရက်လွန်ပုတ်သိုးမှုမဖြစ်ရန် အချိန်နှင့်တစ်ပြေးညီသိမ်းဆည်းပြီး အမှိုက်သိမ်းကားများဖြင့် သယ်ယူကာ အမှိုက်ကားများ ပျက်ကွက်မှု မရှိစေရန်လည်း  တာဝန်ခံများကို  စနစ်တကျ ကြီးကြပ်ထိန်းသိမ်း လျက်ရှိသည်ဟု  သိရသည်။


ထို့အပြင်  အမှိုက်ပုံးများထားသည့်နေရာ ပတ်ဝန်းကျင်ကို ကျောက်ခုံများဖြစ်ပါက ရေဆေးခြင်း၊ ရောဂါပိုးများမပွားစေရန် ဆေးဖျန်းခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။ မြေသားထုဖြစ်ပါက ပိုမို၍ ဂရုစိုက်ကြရပြီး အမှိုက်ပုံထားသည့်နေရာများတွင် အမှိုက် အညစ်အကြေးများကြောင့် မြေထုညစ်ညမ်းမှုမရှိစေရန် ဂရုစိုက် ဆောင်ရွက်ရသည်ဟု ဆိုသည်။


မိုးရွာသည့်အခါ ရေစီးရေလာကောင်းရန် ပြုလုပ်ထားသော မြစ် ထွက်ပေါက်ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုမဖြစ်စေရန် လူနှင့် စက်ယန္တရားများပါ အသုံးပြုပြီး ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ကြရသည်။


ထို့ပြင် ကားဖြင့်သယ်ယူသည့် အမှိုက်များကို လမ်းမပေါ်တွင် လွှင့်စင်မကျစေရန်နှင့် လေထုညစ်ညမ်းမှုမဖြစ်စေရန် အမိုးအကာ များကို ယခင်ထက်ပို၍ ဂရုစိုက်လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။


သန့်ရှင်းရေးဌာနသည်  အမှိုက်သိမ်းလုပ်ငန်း တစ်ခုတည်း သာမကပဲ မြို့တော်တစ်ခုလုံး၏ ရေထု၊ မြေထု၊ လေထုညစ်ညမ်းမှု မဖြစ်စေရန် လုပ်ငန်းခွင်အတွင်း စစ်ဆေးပြီး လိုအပ်ချက်များကို ပြုပြင်ပေးလျက်ရှိသည်။ လေထုတိုင်းတာခြင်းကို ယခင်နေရာများ သတ်မှတ်ပြီး လေထုတိုင်းစက်များ ချထားသည်။ ယခုကိုဗစ်ကာလ တွင် ပိုမိုတိကျမှန်ကန်စေရန် ရွေ့လျားကားများကို အသုံးပြုဆောင် ရွက်နေကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။


အဆိုပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်နှင့်ပတ်သက် ၍ မြို့တော်စည်ပင်အနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းအတိုင်း လိုက်နာ ကာ ရောဂါကို ကာကွယ်နိုင်သည့် သတ်မှတ်ဝတ်စုံများကို ဝန်ထမ်း များ ဝတ်ဆင်ပြီး ဆေးရုံ၊ ဆေးခန်းနှင့် ပြည်သူများ ရောဂါကာကွယ် ရေးအတွက် အသုံးပြုထားသော လက်အိတ်၊ နှာခေါင်းစည်းစသည့် ပစ္စည်းများကို မသိမ်းမီ ဆေးဖျန်းခြင်း၊ စွန့်ပစ်အမှိုက်များကို စနစ် တကျထုတ်ပိုးကာ သတ်မှတ်နေရာသို့ ပို့ဆောင်ခြင်းစသည့်တို့ဖြင့် ကိုဗစ်-၁၉ ရောဂါပျံ့ပွားကူးစက်မှုကို  လျော့ချသွားနိုင်ရန် စီစဉ်  ထားကြောင်း ရှင်းပြသည်။ ပြည်သူများကို တိုက်တွန်းလိုသည်မှာ ယခု ကဲ့သို့ ရောဂါကူးစက်မှုအရှိန်မြင့်တက်နေသည့်အချိန်တွင် ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို စနစ်တကျစွန့်ပစ်နိုင်မှသာ ဖြစ်ပွားမှုနှုန်း များကို  တားဆီးနိုင်မည်ဖြစ်ကြောင်း  အဆိုပါ  သန့်ရှင်းရေးဌာန တာဝန်ရှိသူက ပြည်သူများအား တိုက်တွန်းထားသည်ကို သိရှိရသည်။


ရန်ကုန်မြို့တော်စည်ပင်သယာရေးကော်မတီသည် မြို့တော်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ် သွားလာမှုလုံခြုံစေရေးနှင့် နေထိုင်မှုဘဝ အစစ အဆင်ပြေစေရေးတို့အတွက် အဓိက ဝန်ဆောင်မှုပေးနေသည့် အဖွဲ့ အစည်းဖြစ်သည်။


ထိုသို့ မြို့တော်နေပြည်သူများအား မွေးဖွားသည်မှ ကွယ်လွန် သည်အထိ တာဝန်ယူဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိပြီး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန်နှင့် စည်ပင်သာယာလုပ်ငန်းများ အားနည်းချက်မရှိစေရန်အတွက်           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်မြို့သို့ နှစ်ကြိမ်လာရောက်ပြီး မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီတာဝန်ရှိသူများအား မြို့ပြ၏ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ကြီး အစဉ်ဖွံ့ဖြိုးတိုးတက်ပြီး စိမ်းလန်းသာယာ သန့်ရှင်းလှပစေရေးအတွက် လမ်းညွှန်မှုများ ပြုခဲ့သည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက် များတွင် 

(၁) ရန်ကုန်မြို့တော်၏ ရေစီးရေလာကောင်းမွန်ရေး


(၂) မြို့တော်နေ လူထုစိတ်ချမ်းသာစေရေးအတွက် မြို့တော် သန့်ရှင်းသာယာလှပရေး


(၃) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ပေးရေးနှင့်


(၄) မြို့တော်နေ လူထုအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေအပြည့်အဝရရှိရေးဟူသည့် အဓိကလုပ်ငန်းစဉ်လေး ရပ်ကို အောင်မြင်ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက် ကြရန် ပါဝင်သည်။


မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာန၏ လုပ်ငန်းစဉ်များသည် အဆိုပါအဓိက လမ်းညွှန်ချက်လေးရပ်ကို ယခုကဲ့သို့  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အရှိန်မြင့်တက်ချိန်တွင် မြို့တော်နေ ပြည်သူများအနေဖြင့် ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီးမှ လွတ်မြောက်ကျော်လွှားနိုင်ရေးအတွက် ရောဂါကာကွယ်ရေးသုံး စွန့်ပစ်အမှိုက်များကို ရောဂါပျံ့ပွားမှုမရှိစေရန် စနစ်တကျ အိတ်ပိတ် စွန့်ပစ်ကျရန်နှင့် မြို့တော်စည်ပင်၊ ဝန်ဆောင်မှုလုပ်ငန်းများကို မြို့တော်သူ၊ မြို့တော်သားများကပါ ပူးပေါင်းပါဝင်ပေးကြရန် အထူး လိုအပ်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။






အခြားဆက်စပ်သတင်းများ