နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒိမ်းမှုကျူးလွန်ခဲ့သူနှင့် လူသတ်မှု ကျူးလွန်ခဲ့သူများ ပြစ်ဒဏ်အသီးသီးချမှတ်

 ရန်ကုန်၊  ဇူလိုင် ၈


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ မင်းမင်း (ဘ)ဦးဇော်ဝင်းသည် ၂၀၂၀ ဇွန်လခန့်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၂ ရက်အထိ ကာလအတွင်း ယင်း၏ သမီးအရင်းနှစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ -၃၇၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ-၃၇၇ တို့အရ ယင်းကို ဇူလိုင် ၆ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်” အမိန့်ကို ချမှတ် လိုက်သည်။


ထို့ပြင် လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်နေ သီဟဇော်(ဘ) ဦးကိုမျိုးသည် ဇွန် ၃ ရက်တွင် ယင်း၏နေအိမ်၌ ညီဖြစ်သူ လှမျိုးဇော်နှင့် စကားများ ရန်ဖြစ်ရာမှ အရှည် ၈ လက်မခန့်ရှိ ကတ်ကြေးဖြင့် ထိုးခဲ့ရာ လှမျိုးဇော်၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိကာ သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၀၄ အရ ယင်းကို ဇူလိုင် ၆ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်  ၂၀ နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ