နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများ ဖမ်းဆီးရမိ

အမရပူရ၊  ဇူလိုင် ၈


ဇူလိုင် ၆ ရက် ညနေ ၅ နာရီခွဲ ခန့် တွင် အမရပူရမြို့နယ်၊ ပြည်လုံးကျော် ကျေးရွာနေ အောင်ဆန်းဦး(၃၂)နှစ် (ဘ)ဦးကျော်ရှိန်းသည် Online ပေါ် ၌ လက်လုပ်သေနတ်များ ဖြန့်ချိ ရောင်းချနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ် အတွင်း၌ အောင်ဆန်းဦးကို PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ် သေနတ်တစ်လက်၊ သေနတ်ဒင်ပုံစံ ပြုလုပ်ထားသော ကော်ပြားနှစ်ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ်အပိုင်း သုံးလက်၊ လုံး၊ PVC ပိုက်အပိုင်းအစငါးခု၊ စတီးပိုက်တစ်ချောင်း၊ ဂက်စ်ဘူးတစ် ဘူး၊ လေးခွသုံးလက်၊ သံဘောစေ့ ၄၀ လုံးနှင့် သန့်စင်ခန်းသုံး အက်စစ်ဘူး နှစ်ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။               

ဆွေဦး






အခြားဆက်စပ်သတင်းများ