နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ ရပ်ထားသည့် YBS 21 ကားပေါ်သို့ သစ်ပင်လဲကျ

ရန်ကုန်၊  ဇူလိုင် ၈


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ရပ်ထား သည့် YBS 21 ကားပေါ်သို့ သစ်ပင်လဲ ကျခြင်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက BOC မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ အဆိုပါဖြစ်ပွားရာ နေရာသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်၏ လမ်းညွှန် မှုဖြင့် မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများပူးပေါင်းပြီး ကားပေါ်ရှိ သစ်ကိုင်းများ စနစ်တကျရှင်းလင်းပြီး ဓာတ်ကြိုးများကိုလည်း ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးတို့      ဆောင် ရွက်ခဲ့ကြသည်။ ရှင်းလင်းထားသည့် သစ်ကိုင်းများနှင့် အမှိုက်များကို စနစ်တကျ ရှင်းလင်းခဲ့ပြီး ထိန်ပင် အမှိုက်ကုန်းသို့ မြို့နယ်စည်ပင် သာယာရေး ဝန်ထမ်းများက စနစ် တကျ ရှင်းလင်းပို့ဆောင် ခဲ့ကြောင်း သိရသည်။ အင်းစိန်မြို့နယ်၊ စည်ပင် သာယာရေး ဝန်ထမ်းများကလည်း မြို့နယ်အတွင်း၌ မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အဓိကချောင်းများ ဖြစ်သောဖော့ကန် ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့်ချောင်းများနှင့် မြောင်းများကို မိုးရာသီကာလတွင် ရေးစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များရှင်းခြင်းနှင့် မြောင်းချေး များရှင်းလင်းခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။              ထက်ဦးယံ






အခြားဆက်စပ်သတင်းများ