နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြကြီးတွေ မျက်စိကျနေတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ရှာကာ

‌ဇူလိုင် ၈


အာဆင်နယ်အသင်းဆီက ကွင်းလယ်ကစားသမားရှာကာကို လီဗာပူးလ်တို့ ဝယ်ယူဖို့ စုံစမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့သတင်း တွေထွက်လာနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လီဗာပူးလ် နည်းပြကြီး ဂျာဂင်ကလော့  ကိုယ်တိုင်က  လိုချင်နေတာပါလို့ နာမည်ကြီး သတင်းဌာန Transfermarketweb က အရှက်ကွဲမှာ ကို စိုးရိမ်မနေဘဲ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကွင်းလယ် ကစားသမားရှာကာ ကိုယ်တိုင်က အာဆင်နယ်အသိုင်းအဝိုင်း ထဲကနေ ထွက်သွားဖို့အစီစဉ်ရှိနေပါတယ်။ ရှာကာရဲ့အခုလက်ရှိ ခြေစွမ်းတွေက ကောင်းမွန်တက်ကြွနေတာကြောင့် အောင်မြင်မှု ရနိုင်တဲ့အသင်းဆီပဲ ရွှေ့ပြောင်းချင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို အရခေါ်ယူနိုင်မယ့်အသင်းကတော့ လီဗာပူးလ်တို့မဟုတ်ဘဲ အီတလီစီးရီးအေထဲက ရိုးမားအသင်းတို့ ဖြစ်နေနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ ရိုးမားအသင်းရဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုကိုယ်တိုင်က ရှာကာကို ချီးကျူး ထားပြီး ရှာကာကလဲ အရမ်းပျော် နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ မန်စီတီးတို့ ဂျူဗင်တပ်တို့နဲ့ PSG အသင်းတို့ကလဲ ရှာကာနဲ့တွဲပြီး  သတင်းတွေအမျိုးမျိုးထွက်ပေါ်လာနေတာလဲရှိပါတယ်။                                                           

(SO)






အခြားဆက်စပ်သတင်းများ