နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဘောလုံးအင်အားကြီးနှစ်သင်းတွေ့ဆုံနေတဲ့ကိုပါအမေရိကဗိုလ်လုပွဲ

ဇူလိုင် ၈


ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ဒုတိယပွဲမှာတော့ အာဂျင်တီးနားအသင်းဟာ ကိုလံ ဘီယာအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကိုဗိုလ် လုပွဲအရောက်ပို့ပေးတဲ့သူက  ဂိုးသမားမာတီနက်စ်ပဲဖြစ်ပါတယ်။ မာတီနက်စ်ဟာ  ကိုလံဘီယာအသင်းရဲ့ ပင်နယ်တီကန်သွင်းမှု သုံးကြိမ်ကို လက်စွမ်းပြကာကွယ်ပေးခဲ့တာကြောင့်အာဂျင်တီးနားတို့ ကိုလံဘီယာကို ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးဗိုလ်လုပွဲကို တက် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုပါအမေရိကဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ ရင်ဆိုင်ကစားရ တော့မှာဖြစ်ပါတယ်။ ယခုနှစ်ကိုပါအမေရိကပြိုင်ပွဲဟာ အာဂျင် တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားတဲ့ပြိုင်ပွဲဖြစ်နေတာကြောင့် အာဂျင်တီးနားအသင်းသားတွေအားလုံးဟာမက်ဆီအတွက် အောင်မြင်မှုရယူနိုင်အောင်အစွမ်းကုန်ကြိုးစားပေးကြမှာသေချာပါတယ်။ 

 ဘရာဇီးလ်အသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ကိုပါအမေရိက ပြိုင်ပွဲကို ဗိုလ်စွဲနိုင်အောင် ရေကုန်ရေခန်း ကြိုးစားဖွယ်ရှိတာကြောင့် ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ ဇူလိုင်လ ၁၁ရက်နေ့ မနက် ၆ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်မယ့်ကို ပါအမေရိက ဗိုလ်လုပွဲမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာကိုတော့ စောင့်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။                                 

(SO)






အခြားဆက်စပ်သတင်းများ