နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ( ဟောင်း )နေအိမ်တွင် ဆန္ဒမဲလက်မှတ်စာအုပ်များနှင့် UEC တံဆိပ်တုံးများ သိမ်းဆည်းရမိ

ဟုမ္မလင်း၊  ဇူလိုင် ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး ခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးဘိုချစ်၏ နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထား ကြောင်းသတင်းအရ ဇူလိုင် ၂ ရက် တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက် ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် စောင်ရေ ၅၀ ပါ ဆန္ဒမဲလက်မှတ် စာအုပ်နှစ်အုပ်နှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံးသုံးခု သိမ်းဆည်းရမိခဲ့သည်။


ဦးဘိုချစ်မှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိပြီး သိမ်းဆည်းရမိခဲ့သော ရွေး ကောက်ပွဲသုံး ပစ္စည်းများကို ဟုမ္မလင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးတွင် အပ်နှံထားကြောင်း သိရ သည်။    

                           ဆွေဦး






အခြားဆက်စပ်သတင်းများ