နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများ ဖမ်းဆီးရမိ

ပေါင်းတည်၊  ဇူလိုင် ၇


ဇူလိုင် ၅ ရက်၊ နံနက် ၇ နာရီခွဲ အချိန်တွင် ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်း (ပ)၁/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)အမှုမှ တရားခံ ကျော်မင်းဦး(ခ)အောကြီး နှင့်ဆက်စပ် တရားခံ ကျော်သူရ(ခ)ဖိုးကျော်တို့ နှစ်ဦး၏ ထွက်ဆိုချက်အရကျော်သူရ (ခ) ဖိုးကျော်နှင့် သဲကုန်းမြို့နယ်၊ ပျဉ်ကြီးကျေးရွာနေ စန်းမောင်(ခ) စန်းကြီး(၅၈)နှစ် (ဘ) ဦးအောင်မောင်း တို့နှစ်ဦးသည် ပေါင်းတည်မြို့နယ်၊ ကျောင်းစုကျေးရွာနေ ညွန့်လှိုင်(၅၅)နှစ် (ဘ)ဦးကုလားဆိုသူက စေခိုင်း၍  နတ်တလင်းမြို့နယ်၊ ညောင်လေးပင် ကျေးရွာနေ ကိုပေါက်ကင်း (စိစစ်ဆဲ)ထံမှ တူမီးသေနတ်  ၁၃  လက်ကို ငွေကျပ် ၃ သိန်းဖြင့် ဝယ်ယူကာ သဲကုန်းမြို့နယ်၊ ညောင်ပင်စု ကျေးရွာ နေ မြင့်စိုး(၄၈)နှစ် (ဘ)ဦးတင်မောင်၏ နေအိမ်တွင် အပ်နှံထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါ နေအိမ်အတွင်းမှ မြင့်စိုးကို တူမီးသေနတ် ၁၃ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ဆက်စပ် တရားခံ စန်းမောင် (ခ)စန်းကြီး၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ စန်းမောင်(ခ)စန်းကြီးကို ယင်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                

ဆွေဦး






အခြားဆက်စပ်သတင်းများ