နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ အမှိုက်ပုံးအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

ရန်ကုန်၊ ဇူလိုင် ၇


ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက်၊ နာနတ်တောလမ်းရှိ ကမာရွတ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ရုံးရှေ့ အမှိုက်ပုံး အတွင်းမှ ယမန်နေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွား ခဲ့သည်။


ပေါက်ကွဲမှု ဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များသွား ရောက် စစ်ဆေးရာ အမှိုက်ပုံး အပိုင်းအစများနှင့် တစ်လက်မ ခန့်ရှိ အုတ်ရိုက်သံ ၄၀ ချောင်း ခန့်ကို တွေ့ရှိရပြီး ပေါက်ကွဲ မှုကြောင့် လူထိခိုက် ဒဏ်ရာ ရရှိမှုမရှိဘဲ ရုံးရှေ့ရပ် ထားသော အဖြူရောင် Honda Fit အမျိုးအစား YGN-2C/7214 ၏ ရှေ့လေကာမှန်နှင့်ဘယ်ဖက် တံခါးမှန် ကွဲအက်သွားကြောင်း သိရသည်။ အဆိုပါပေါက်ကွဲမှု ဖြစ်စေရန် အကြမ်းဖက်လုပ်ဆောင် သူကို ဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ