နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အလွတ်ပြောင်းရွှေ့ကြေးကြောင့် မက်ဆီကို PSG ကမ်းလှမ်း

ဇူလိုင် ၇


PSG အသင်းအနေနဲ့ဘာစီလိုနာမှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့တိုက်စစ်မှူးမက်ဆီကို   ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာပါတယ်။ မက်ဆီသာဆန္ဒရှိပါက PSG ဟာမက်ဆီ အတွက်  ငွေသားပေးချေစရာမလိုဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာ မှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကိုရောင်းချပေးရန်အတွက် PSG ထံ  ကမ်းလှမ်းထားပါတယ်။ အမ်ဘာပေကိုယ်တိုင်က PSG ကနေ ထွက်ခွာဖို့သာ ဆန္ဒရှိကြောင်း ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် PSG ဟာ စျေးကွက်အမြတ်ရဖို့အမ် ဘာပေကို ရောင်းထုတ်ကာရော်နယ်ဒို နဲ့မက်ဆီထဲကတစ်ဦးဦးကိုခေါ်ယူလိုခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ဥက္ကဋ္ဌဖြစ်သူ ဂျိုအမ်လာပေါ်တာက မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင် ရန်ကြိုးပမ်း  သွားမယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ PSG အသင်း ဟာ  လာမယ့်ဘောလုံးရာသီအတွက် လီဗာပူလ်းကွင်းလယ်လူ ဝှိုက်နယ်လ် ဒန်၊ ရီးရဲလ်မှ ဆာဂျီယိုရာမိုစ့်တို့ကို အလွတ်ကြေးနဲ့ခေါ်ယူထားပြီးအေစီမီလန်ဂိုးသမားဒေါ်နာရမ်မာကို အငှား  ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်နောက်တန်းကစားသမားဟက်ခီမီကိုပေါင်သန်း ၇၀ ခန့်အသုံးပြုသွားမယ်လို့သိရပါတယ်။ PSG အနေနဲ့ မက်ဆီကိုသာရရှိပါက  အသင်း၏ ရှေ့၊လယ်၊နောက်နဲ့ဂိုးနေရာစုံ အင်အားဖြည့်တင်းပြီးဖြစ်သွားနိုင်ပါ တယ်။ PSG  ဟာ မက်ဆီကို ဘာစီလိုနာထက်ပိုများပြားတဲ့လုပ်ခလစာပေးချေကာခေါ်ယူသွားနိုင်တယ်လို့ESPN သတင်းဌာန က ဖော်ပြထားပါတယ်။           


(SO)







အခြားဆက်စပ်သတင်းများ