နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်လီတိုက်စစ်မှူးဆန်းချက်ကို မျက်စိကျနေ လီဗာပူးနဲ့ အာဆင်နယ်‌

ဇူလိုင် ၇


 ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပေါ်တူဂီ နိုင်ငံအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းချက်ကို လီဗာပူးနဲ့ အာဆင်နယ်တို့က အပြိုင် စိတ်ဝင်စားနေပါတယ်။ အသက် ၂၃ နှစ်အရွယ်  ကွင်းလယ်လူဟာ ပြီးခဲ့တဲ့  ရာသီတုန်းက  ဒဏ်ရာ ပြဿနာတွေ ရှိခဲ့ပေမယ့် ယူရိုပြိုင်ပွဲ မှာ နိုင်ငံအသင်းနဲ့အတူ   ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ ပါဝင်ကစားနိုင်ခဲ့ ပါတယ်။  ဆန်းချက်ဟာ   ပြင်သစ် မြေမှာ  သူ့ရဲ့အကောင်းဆုံးပုံစံတွေ ကို ပြန်ရနေပြီး  မနှစ်ကရာသီ ၂၉ ပွဲအတွင်း  ကိုယ်တိုင် ၁ ဂိုးသွင်း ကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ်။ လိုင်လီအသင်းဟာ လူ စာရင်း လျှော့ချမှုတွေ ပြုလုပ်နေ ကာ ၎င်းတို့ ကွင်းလယ်လူ ဆိုမာရီ ကို လက်စတာအသင်းထံ ပြောင်းခွင့် ပေးထားပြီး စီနီယာအသင်းသား ၃ ဦးကိုလည်း ရောင်းထုတ်ထားတာ ဖြစ်ပါတယ်။ လီဂူးဝမ်း ချန်ပီယံ လိုင်လီ အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာ တွေကြောင့် ကစားသမားရှင်းထုတ်မှု တွေ လုပ်နေရတယ်လို့ သိထားရပါ တယ်။ လိုင်လီအသင်းနဲ့  ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိ ရီနာတို ဆန်းချက်ဟာ တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံးလူငယ် ကစားသမား ဆုကိုပါ ရယူနိုင်ခဲ့တာကြောင့်  သူ့ရဲ့ ပင်ကိုယ် ခြေစွမ်းပိုင်းဟာ သံသယဝင် စရာမလိုပါ။ လီဗာပူးနဲ့ အာဆင်နယ် တို့ဘက်က အမှန်တကယ် ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် ဆန်းချက်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေပါတယ်။           (SO)အသင်းတွင်အဓိကကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်းနှင့် ၁၃ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သည်။


လာမည့် အပြောင်းအရွှေ့ကာလတွင် ကစားသမား အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့် မန်စီးတီးအသင်း သည် မန်ဒီကို ရောင်းချမည်ဖြစ်သဖြင့် အင်တာမီလန်အသင်း ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရ သည်။

          

 (သူရိန်)






အခြားဆက်စပ်သတင်းများ