နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ သစ်သားတံတားတစ်စင်း အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

ဟုမ္မလင်း၊  ဇူလိုင် ၄


ဇူလိုင် ၃ ရက်၊ နံနက် ၁ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ၊ အိုးဖိုတန်းရပ်ကွက်မှ ကင်းစေတီဘုရားသို့     သွားလမ်းပေါ်ရှိ    သစ်သားတံတားတစ်စင်းကို   အကြမ်း ဖက်သူများက   မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ  လမ်းပေါ်ရှိ  အလျား ၁၀ ပေ၊ အကျယ် ၁၅ ပေ ခန့်ရှိ   သစ်သားတံတားတစ်စင်းမှာ အကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီးလောင်ကျွမ်း ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသည်။


ထိုကဲ့သို့     အများပြည်သူသွားလာရေးလွယ်ကူစေရန်    ဆောက် လုပ်ထားရှိသော  တံတားအား    မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများကို  ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက    စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါ တံတားကို အသစ်ပြန်လည်တည်ဆောက်၍ အသုံးပြုနိုင်ရန် တာဝန်ရှိသူများက   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ