နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယဆေးရုံတွင် COVID-19 ရောဂါရှိသည့် ကိုယ်ဝန်ဆောင်မိခင်များထံမှ ကျန်းမာသည့် ကလေးငယ် ၁၀၀ ကျော် မွေးဖွားနိုင်ခဲ့

မေ  ၂၂၊  နယူးဒေလီ


အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့ရှိ ဆေးရုံတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများထံမှ ကျန်းမာသည့် ကလေးငယ် ၁၀၀ ကျော် မွေးဖွားပေးနိုင်ခဲ့သည်။ 


ပြီးခဲ့သည့်လက လိုမန်ယာတီလက်အထွေထွေဆေးရုံတွင် ရောဂါပိုးရှိသူမိခင်များထံမှ ကလေးငယ် ၁၁၅ ဦး မွေးဖွားပေးနိုင်ခဲ့သည့်အနက် သုံးဦးမှာ ကနဦးစစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိခဲ့သော်လည်း နောက်ထပ်စစ်ဆေးမှုများတွင် ရောဂါပိုးကင်းစင်ခဲ့သည်ဟု ဆရာဝန်များက ပြောသည်။ အဆိုပါဆေးရုံတွင် COVID-19 ‌ရောဂါရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည့်အနက် တစ်ဦးမှာ မီးမဖွားမီ သေဆုံးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဖျော်ဖြေရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့မှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်နေပြီး ရောဂါကူးစက်ခံရသူ ၂၄၀၀၀ နီးပါးရှိနေပြီး လူ ၈၄၀ ကျော် သေဆုံးခဲ့သည်။ 


ရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအနက် တစ်ဝက်ကျော်ကို ခွဲမွေးခဲ့ရပြီး အခြားသူများမှာ ရိုးရိုးမွေးခဲ့သည်။ ရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်မိခင်များထံမှ ကလေးငယ် ၁၁၅ ဦး မွေးဖွားခဲ့သည့်အနက် ယောကျာ်းလေး ၅၆ ဦး၊ မိန်းကလေး ၅၉ ဦး ပါဝင်သည်။    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ