နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပြိုင်ပွဲရလဒ်တွေကြောင့် နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတဲ့ ဒီဘိုးဝါး

 ဇူလိုင် ၂


နယ်သာလန်အသင်းဟာ ယူရိုပြိုင်ပွဲ မှာ ရလဒ်တွေကောင်းအောင် မစွမ်း ဆောင်နိုင်ခဲ့တာကြောင့် ဒီဘိုးဝါးကို နည်းပြ ရာထူးကနေ ထုတ်ပယ်လိုက် ပါတယ်။ ၁၆ သင်းအဆင့်ပွဲအဖြစ် ချက်အသင်းနဲ့ပွဲမှာ  အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် နယ်သာလန် အသင်းက ဒီဘိုးဝါးကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘိုးဝါး ရဲ့စာချုပ်ထဲမှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့  ပါဝင်နေတာဖြစ် ပါတယ်။ 


“ကျွန်တော်အသင်းကို ဆက်မကိုင် တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အောင်မြင်မှု မရခဲ့တာကြောင့်  အခုလိုဆုံးဖြတ်ခဲ့ တာပါ”လို့ ဒီဘိုးဝါးက ပြောကြားခဲ့ပါ တယ်။ ဒီဘိုးဝါးဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရော်နယ်ကိုးမန်းနေရာကို အစားဝင် လာခဲ့တာဖြစ်ပါတယ်။ ဟော်လန်ဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံးကို အနိုင်ရရှိပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင် ခဲ့ပေမယ့် ချက်အသင်းကိုအရေးနိမ့်ပြီး   ၁၆ သင်းအဆင့်ကနေ နုတ်ထွက်ခဲ့ရပါ တယ်။  “၂၀၂၀ မှာ ကျွန်တော်နိုင်ငံ အသင်းနည်းပြရာထူးကို လက်ခံခဲ့ပါ တယ်။ စိန်ခေါ်မှုနဲ့ အောင်မြင်မှုရယူဖို့ အတွေးနဲ့ပါ။ ဒါပေမယ့် ခန့်အပ်ပြီး ချိန်မှာပဲ ဖိအားတွေ ရှိနေတယ်ဆိုတာကို သတိထားမိခဲ့ပါတယ်။ 


ဒါပေမယ့် ကျွန်တော်ရှိနေချိန်မှာ ကျွန်တော့်ကို အားပေးတဲ့လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်”လို့ ဒီဘိုးဝါး က ပြောကြားခဲ့ပါတယ်။ ဒီဘိုးဝါးဟာ ဟော်လန်အသင်းအတွက် ၁၁၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ  အေဂျက်နဲ့ ဘာစီလိုနာတို့မှာလည်း  ကစားခဲ့ပါ တယ်။                                      (SO)






အခြားဆက်စပ်သတင်းများ