နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် အနည်းဆုံး လူ ၈၄ ဦး သေဆုံး

မေ  ၂၂၊  နယူးဒေလီ


စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်( Amphan) ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် အနည်းဆုံး လူ ၈၄ ဦး သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့တွင် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ 


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အမ်ဖန်မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး သစ်ပင်ထောင်ပေါင်းများစွာ အမြစ်က ကျွတ်ထွက်ခဲ့သည်။


ဓာတ်တိုင်များ၊ ဖုန်းလိုင်းများ လဲကျခဲ့ပြီး နေအိမ်များလည်း ပြိုလဲခဲ့သည်။ ကိုးလ်ကတ္တားမြို့ရှိ လမ်း တော်တော်များများ ရေဖုံးလွှမ်းခဲ့ပြီး မြို့ခံ ၁၄ သန်းမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့သည်။ သေဆုံးသူအများစုမှာ သစ်ပင်ပိခြင်း၊ အပျက်အစီးများ ထိမှန်ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် အနည်းဆုံး လူ ၇၂ ဦး သေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၁၂ ဦး သေဆုံးခဲ့သည်။                                      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ