နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းနဲ့ အကျိုးအမြတ်အတွက် အာရှသားတစ်ဦးခေါ်မယ့် စပါး

 ဇူလိုင် ၁


စပါးအသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီ အတွက် လိုအပ်တဲ့ပြင်ဆင်မှုများ ပြုလုပ်နေပါ တယ်။ စပါးအသင်းဟာ တစ်ဖက်မှာလည်း စျေးကွက်စီးပွားရေးအရ အမြတ်အစွန်းရရှိ အောင် အသင်းမှတိုက်စစ် ကစားသမားဖြစ်သူ ဟယ်ရီကိန်းကို မန်စီတီးအသင်းထံ ထုတ်ရောင်းဖို့ ရှိနေပါတယ်။ 


မန်စီတီးကလည်း မက်လောက်စရာ ကမ်းလှမ်း မှုမျိုးဖြစ်တဲ့ တိုက်စစ်တောင်ပံ ကစားသမား စတာလင်းကို အလိုက်ပေးကာ ပေါင်သန်း ၁၀၀ နဲ့ ဟယ်ရီကိန်းကိုရရှိရန် ကမ်းလှမ်းထားခြင်းမှာ စပါးအတွက် မက်လောက်စရာလည်းဖြစ်နေသည်။ 


အခုတစ်ခါ စပါးအသင်းဟာ  နောက်ထပ် အမြတ်ရနိုင်မဲ့ အရောင်းအဝယ်တစ်ခုကတော့ ဘိုလော့နာ အသင်းမှ ဂျပန်နောက်တန်း ခံစစ် ကစားသမား တာခီဟီရိုတိုမီရာစုကိုခေါ်ယူရန် အတွက်  စတင်ဆွေးနွေး ညှိုနှိုင်းနေပြီဖြစ်သည်။ ထိုဂျပန်ကစားသမားကို ဘိုလော့နာအသင်းမှ ကြမ်းခင်းစျေးအနေဖြင့် ပေါင် ၁၅ သန်းနဲ့ခေါ်ယူ ရန် ကမ်းလှမ်းထားပါတယ်။ 


အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ တာခီဟီရိုတို မီရာစုအနေဖြင့် ဂျပန်အမျိုးသား ဘောလုံး အသင်းမှာလည်း လက်ရှိခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ လက်ရှိအသင်းမှာရှိတဲ့ အခြားအာရှ သား ဆွန်ဟောင်မင်ကလည်း ထင်ထားသည် ထက်ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်သူဖြစ်ပါ တယ်။

ဒါကြောင့် ယခုဂျပန်မှ တာခီဟီရိုတိုမီရာစု ကလည်း စပါးအတွက် ကောင်းစွာအလုပ် အကြွေးပြုနိုင်ပြီး စီးပွားရေးအရလည်းတန်ဖိုး တက်ကာ အမြတ်ထွက်လာနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်လာမယ်လို့ စပါးတို့ ယုံကြည်လျက် ရှိပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ