နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အကောင်းဆုံးဆုအတွက် မျှော်မှန်းနိုင်ခွင့်ရှိတဲ့ ဘန်ဇီးမား

ဇူလိုင် ၁


ပြင်သစ်အသင်းယူရို ၂၀၂၀ ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ဘန်ဇီးမားကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလှပတဲ့ဂိုးတွေ သွင်းယူကာ အကောင်း ဆုံးဆုအတွက် မျှော်မှန်းနိုင်ခွင့်ရှိနေပါတယ်။ ဘန်ဇီးမားဟာ ဆွစ်ဇာလန်နဲ့ ပွဲမှာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးဆု အတွက် သေချာနေတဲ့ အထူးကောင်းမွန်တဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ ပါတယ်။


ပထမပိုင်းမှာ ဆွစ်ဇာလန်တို့ ၁-၀ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ပြင်သစ်တို့တိုက်စစ်မြှင့်တင်ကာ ပွဲချိန် ၅၇ မိနစ်မှာတော့ အန်ဂိုလိုကွန်တေ၊ ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့က ရှေ့ကို အဆင့်ဆင့်ပေးပို့ခဲ့ရာမှာ ဘန်ဇီးမားဟာ ဘောလုံးကို ဘယ်ခြေ ဖြင့် ကျောဘက်မှ ရှေ့သို့ခုန်တက်လာအောင်ပြုလုပ် ပြီး ဘယ်ခြေဖြင့်ပင်  အသာအယာလှပစွာ ကန်သွင်းယူခဲ့ပါတယ်။

ဘန်ဇီးမားဟာ နောက်ထပ် တစ်မိနစ်အကြာ မှာပဲ ဂရစ်ဇ်မန်းရဲ့ ဂိုးသမားအပေါ်က ကျော်ချ ခဲ့မှုက ဆွမ်းမားရဲ့ လက်နဲ့အနည်းငယ်ထိပြီး လမ်းကြောင်းစောင်းသွားခဲ့တာကို  လိုက်လံ ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာတော့ ဘန်ဇီးမားရဲ့ကန်သွင်းချက်က နောက်တန်းနဲ့ထိပြီး ပြန်ထွက်လာတာကို ပေါ့ဘာက ထိန်းသိမ်းရယူပြီး ကန်သွင်းခဲ့လို့ ပြင်သစ်တို့ တတိယဂိုးရရှိခဲ့ပါတယ်။


ဘန်ဇီးမားဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ပြင်သစ်အသင်းကနေ ချန်လှပ်ခံခဲ့ရပြီးယူရို ၂၀၂၀ မှ ပြန်လည်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ပေါ်တူဂီနဲ့ပွဲစဉ်မှာလည်း ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးတဲ့အခါမှာတော့ Star of the Match ကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ