နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှားကို တာဝန်ယူတတ်သူ ဆိုင်မွန်နဲ့ ချီးကျူးတတ်သူ အင်းနရစ်

 ဇူလိုင် ၁


စပိန်အသင်း နည်းပြ အင်းနရစ်က ခရို အေးရှားကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ် မှာ ကျူးလွန်မိခဲ့တဲ့အမှားကနေ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့ ဂိုးသမား အူနိုင်းဆိုင်မွန်ကို ချီးကျူး သွားပါတယ်။ ဘီလ်ဘာအိုဂိုးသမား ဆိုင်မွန် ဟာ ကွင်းလယ်လောက်ကနေ အသင်းဖော် ပီဒရီ နောက်ပြန်ပေးတာကို ထိန်းဖို့ကြိုးစားရင်းကနေချော်သွားပြီး ခရိုအေးရှားကို ဦးဆောင်ဂိုးခွင့်ပြု လိုက်ရတာ ဖြစ်ပါတယ်။


နောက်ပိုင်းမှာတော့ ဆိုင်မွန်ဟာ အရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့လို့  ၃ - ၃  ဂိုးသရေကျခဲ့ ပြီးနောက် အချိန်ပိုဆက်ကစားခဲ့ရာမှာ မိုရာတာနဲ့ အိုယာဇာဘယ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲအပြီးမှာ ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပေ မယ့် အဲဒီဂိုးတွေမရခင် ဆိုင်မွန်က သေချာပေါက်ဂိုးဝင်နိုင်မယ့် ကန်သွင်းမှု တွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ 


အင်းနရစ်က နိုဝင်ဘာလအတွင်း ပထမဆုံး ပွဲထွက် ကစားခွင့်ရပြီးချိန်ကတည်းက ဆိုင်မွန် ဦးစားပေး ဂိုသမားဖြစ်နေရတဲ့ အကြောင်းရင်း ကို ကစားသမားဖြစ်သူက ရှင်းပြလိုက်တာပဲလို့ ဆိုပါတယ်။ ''ဆိုင်မွန်ဟာ ခက်ခဲကြမ်းတမ်း တဲ့ သင်ခန်းစာ သင်ယူခဲ့ရပါတယ်။ အမှားကျူး လွန်မိသွားချိန်မှာ အဲဒီအမှားက အဓိက မကျတော့ ဘဲ အဲဒီနောက်ပိုင်း ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ကသာ အဓိကကျပါတယ်။ ဒါက သူ့အသင်းဖော် တွေ အပြင် ဘောလုံးကစားချင်တဲ့ ကလေးငယ် တိုင်းအတွက် ဆိုင်မွန်က သင်ခန်းစာပေးလိုက်တာ ပါ''လို့ အင်းနရစ်က ပြောပါတယ်။          

        (SO)






အခြားဆက်စပ်သတင်းများ