နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိကတွင် COVID-19 ရောဂါကြောင့် နှစ်ရက်သားအရွယ် ကလေးငယ် သေဆုံး

မေ  ၂၂၊  ဂျိုဟန်နက်စ်ဘတ်


တောင်အာဖရိကနိုင်ငံတွင် နှစ်ရက်သားအရွယ် ကလေးငယ်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန် သွားခဲ့သည်။ 


မိခင်ဖြစ်သူတွင် COVID-19 ‌ရောဂါရှိနေကြောင်း တွေ့ရှိရပြီးနောက် ကလေးငယ်ကို စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိရခြင်းဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။ ကလေးငယ်မှာ လမစေ့ဘဲ မွေးဖွားလာခဲ့ပြီး အသက်ရှူနိုင်ရန်အတွက် အသက်ရှူစက်တပ်ပေးခဲ့ရသည်ဟု ယင်းက ဆိုသည်။ တောင်အာဖရိကနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၈၀၀၃ ဦးရှိပြီး သေဆုံးသူ ၃၃၉ ဦး ရှိနေသည်။ လာမည့်လအနည်းငယ်အတွင်း တောင်အာဖရိကနိုင်ငံတွင် COVID-19 ‌ကြောင့် လူ ၄၀၀၀၀ အထိ သေဆုံးနိုင်သည်ဟု ယခုနောက်ဆုံး ပုံစံခွက်ခန့်မှန်းမှုတွင် ဖော်ပြထားသည်။ 


နှစ်ရက်သားအရွယ် ကလေးငယ်မှာ တောင်အာဖရိကနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးရသည့် အသက်အငယ်ဆုံးဖြစ်သည်ဟု အာဖရိက၏ ရောဂါထိန်းချုပ်ရေးစင်တာ ဒါရိုက်တာ အန်ကင်ဂါဆောင်က ပြောသည်။ 


မေလ ၅ ရက်ကလည်း ဗြိတိန်နိုင်ငံတွင် သုံးရက်သားအရွယ် ကလေးငယ်တစ်ဦး COVID-19 ကြောင့် သေဆုံး ခဲ့ရသည်။ နှလုံးခုန်နှုန်းနှေးသည့် အဆိုပါကလေးငယ်မှာ ဦးနှောက်သို့ သွေးနှင့် အောက်ဆီဂျင်မရောက်ရှိခြင်း ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သေမှုသေခင်းစစ်ဆေးသူက ဖော်ပြသည်။     

       

 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ