နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူနဲ့ ဆန်ချိုလက်တွဲဖြစ်ရင် ဝမ်းသာနေမယ့် မန်စီးတီး

ဇူလိုင် ၁


မန်ယူအသင်းဟာ  မပြီးပြတ်သေးတဲ့ဒေါ့တ်မွန်တောင်ပံကစားသမား ဂျေဒန်ဆန် ချိုကို ခေါ်ယူဖို့ကိစ္စက ခုတော့သဘောတူညီမှု ရယူနိုင်ပြီလို့  သတင်းထွက်နေတဲ့အတိုင်း အသက် ၂၁ နှစ်အရွယ် အင်္ဂလန်ကစားသမား လေးရဲ့အပြောင်းအရွှေ့က ရာနှုန်းပြည့်နီးပါး အဆုံးသတ်လုနီး ဖြစ်နေပါပြီ။  အင်္ဂလန် အသင်းရဲ့ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးမှ မန်ယူနဲ့ ကိစ္စကိုအကောင်းဆုံး အဆုံးသတ်ဖို့ ဆန်ချို ဘက်က အလိုရှိနေပါတယ်။


ဆန်ချိုကို ယမန်နှစ်ရာသီကတည်းက မန်ယူနိုက်တက်တို့  ကြိုးစားခဲ့ပေမယ့် ဒေါ့တ်မွန်က ပေါင် ၁၀၈ သန်းပေးမှရမယ် ဆိုလို့  ကြန့်ကြာသွားခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆိုးလ်ရှားက ပေါင်သန်း ၆၀ နဲ့ ကနဦးကမ်းလှမ်းခဲ့ပြီး ဒေါ့တ်မွန်က ပယ်ချခဲ့လို့ ပေါင် ၇၂ ဒသမ ၅ သန်းနဲ့ ဒုတိယ အကြိမ် ထပ်မံကြိုးစားခဲ့ပါတယ်။ ဒုတိယ အကြိမ်ကမ်းလှမ်းမှုမှာ ဒေါ့တ်မွန်ဘက်က အလိုရှိနေတဲ့ ပေါင် ၇၇ သန်းထက် ၄ သန်းခွဲ လျော့နည်းနေလို့ နှစ်သင်းကြားဆွေးနွေးခဲ့ရာမှာတော့  သဘာတူညီမှုရယူနိုင်ခဲ့ပါ တယ်။ 


The Mirror သတင်းစာက ဒီအပြောင်း အရွှေ့ကနေ မန်စီးတီးအသင်းက ပေါင် ၁၀ သန်းကနေ ၁၁ သန်းခွဲနီးပါး ရရှိမယ်လို့ ဖော်ပြပါတယ်။ မန်စီးတီးဟာ ၂၀၁၇ ခုနှစ်က ဆန်ချိုကို ဒေါ့တ်မွန်ထံ ပေါင် ၇ ဒသမ ၀၅ သန်းနဲ့ ရောင်းချခဲ့ပြီး အခြားဘယ်အသင်း ကိုမဆို ပြန်ရောင်းရင် ပြောင်းရွှေ့ကြေးရဲ့ ၁၅ ရာခိုင်နှုန်း ပြန်ပေးရမယ်လို့ စာချုပ် ချုပ်ထားတာပါ။ ဒါကြောင့် မန်ယူက  ပေါင် ၇၂  ဒသမ ၅ သန်းနဲ့ခေါ်ရင် မန်စီးတီးက ၁၅ ရာခိုင်နှုန်းအဖြစ် ပေါင် ၁၀,သန်းကျော် ရရှိမှာဖြစ်ပါတယ်။ ပေါင် ၇၇ သန်း ဆိုရင် တော့ ဂွါဒီယိုလာရဲ့အသင်းက ပေါင် ၁၁, သန်းကျော်အထိ တိုးမြင့်ရရှိမှာပါ။  

      (SO)






အခြားဆက်စပ်သတင်းများ