နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမ်ဘတ်ပေကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်တဲ့ ဂိုးသမားလိုရစ်

 ဇွန် ၃၀


ဟူဂိုလိုရစ်က  ဆွစ်ဇာလန်ကို ပင်နယ်တီနဲ့ ရှုံးကာထွက်ခဲ့ရပြီးနောက် ပြင်သစ်အနေနဲ့ဆင်ခြေတွေမပေးကြဖို့ သတိပေးခဲ့ပါတယ်။ ပုံမှန်ပွဲချိန်အတွင်း ပင်နယ်တီကာကွယ်ခဲ့တဲ့   ပြင်သစ် အသင်းခေါင်းဆောင်ဟာအမ်ဘတ်ပေပင်နယ်တီလွဲချော်ခဲ့တာကို မြင်တွေ့ခဲ့ရ ပါတယ်။ လိုရစ်က ပြင်သစ်ကို ပြိုင်ပွဲက နေ ထွက်ခွာစေခဲ့တဲ့ အမ်ဘတ်ပေရဲ့ ပင်နယ်တီ  လွဲချော်မှုကိုအပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး တစ်သင်းလုံးက နောက် တစ်ဆင့်တက်ဖို့ ပူးပေါင်းအားမရှိခဲ့ဘူး လို့ ဆိုခဲ့ပါတယ်။ 


လိုရစ်က  “ကျွန်တော်တို့အတူ အောင်မြင်ပြီး အတူကျရှုံးကြပါတယ်။ ပြိုင်ပွဲဒီအဆင့်ကနေ  ထွက်ခဲ့ရခြင်း အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။  ဘယ်သူ့ကိုမှ လက်ညိုးထိုးလို့မရပါဘူး။ ဒဏ်ရာ ပြဿနာတွေနဲ့  ရင်ဆိုင်နေရပေမဲ့ ဆင်ခြေပေးလို့တော့  မရနိုင်ပါဘူး။ ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ခဲ့ ကြပါတယ်။ ပင်နယ်တီဆိုတာမျိုး က ထီထိုးသလိုပါပဲ။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။   အခုတော့ နာကျင်မှုတွေကို ဖြေသိမ့်ဖို့လိုနေပါပြီ။ 


၃-၁ ဂိုးနဲ့ အနိုင်ရနေတဲ့အချိန်နောက် တစ်ဆင့်တက်ဖို့   နီးစပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ပွဲအပြီး  အင်စတာဂရန်မှာတော့ အမ်ဘတ်ပေက   “အရမ်းခက်ခဲတဲ့       စာမျက်နှာတစ်ခုပါပဲ။ ဒီလိုထွက်ခဲ့ ရပြီး ရည်မှန်းချက်မပြည့်တဲ့အတွက် ဝမ်းနည်းမှုကတော်တော် လေးပြင်း ထန်ပါတယ်။  ပင်နယ်တီအတွက် တောင်းပန်ပါတယ်။  အသင်းကို ကျွန်တော် ကူညီချင်ပေမဲ့ ကျရှုံးခဲ့ပါ တယ်။ အိပ်ဖို့တောင်ခက်ပေမဲ့ ကံ မကောင်းစွာပဲ ဒါတွေက ဘောလုံးရဲ့ အတက်အကျတွေဖြစ်ပြီး အဲ့ဒါကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ပရိသတ်တွေ စိတ်ပျက်နေမှာသိပေမဲ့ ကျွန်တော်တို့ကို  အားပေးခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်”လို့ ဆိုခဲ့ပါ တယ်။                                

     (SO)






အခြားဆက်စပ်သတင်းများ