နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဂိုးသမားတွေ အပြိုင်အဆိုင်သွင်းနေကြတဲ့ OG ဂိုးများ

 ဇွန် ၃၀


ဆလိုဗက်ကီးယားနဲ့ စပိန်ပွဲတုန်းက ဆလိုဗက်ကီးယားအသင်းဂိုးသမား ဒူဘရက်ကာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့ သလို ခရိုအေးရှားနဲ့ပွဲမှာလည်း စပိန်         ဂိုးသမား အူနိုင်းဆီမွန်ဟာ ရယ်စရာ ကောင်းတဲ့အမှားနဲ့ OG ဖြစ်ခဲ့ပါတယ်။


အူနိုင်းဆီမွန်ဟာ ခရိုအေးရှားနဲ့ ပွဲမိနစ်(၂၀)လောက်မှာ စပိန်အသင်း ကွင်းလယ်လူ ပတ်ဒရီ နောက်ပြန်ပေး လိုက်တဲ့  ဘောလုံးကိုခြေထောက် နဲ့   အသာလေးထိန်းလိုက်တာမှာ ချော်ထွက်ပြီး   ဂိုးထဲဝင်သွားခဲ့တာ ပဲ ဖြစ်ပါတယ်။ ပိုလန်နဲ့ ဆလိုဗက် ကီးယားတို့ရဲ့ အုပ်စုပွဲမှာလည်း ပိုလန် ဂိုးသမား ဆဇက်စနီဟာ ကိုယ့်ဂိုးကိုယ် သွင်းခဲ့ပြီး အံ့အားသင့်စရာကောင်းတာ က ယူရို-၂၀၂၀ ပြိုင်ပွဲမှာ OG ဖြစ်ခဲ့ တဲ့ ဂိုးသမားတွေဟာ အုပ်စု(F)မှာ တစ်အုပ်စုတည်းဆုံခဲ့တဲ့အသင်း (၃) သင်း (စပိန်၊ပိုလန်၊ ဆလိုဗက်ကီးယား) ရဲ့ ကစားသမားတွေဖြစ်နေတာပါပဲ။ ဒါပေမဲ့  အူနိုင်းဆီမွန် ကံကောင်းခဲ့ တာက UEFA ဟာ OG သွင်းတဲ့သူအဖြစ် ပတ်ဒရီကို သတ်မှတ်ခဲ့တာပဲဖြစ်ပြီး ဒီဂိုးရဲ့ အကွာအဝေးက (၄၉) ကိုက် အထိရှိတာကြောင့် ယူရိုပြိုင်ပွဲသမိုင်း တစ်လျှောက် အကွာအဝေးအများဆုံး OG ၊ ပယ်နယ်တီ ဧရိယာပြင်ပကနေ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့  ပထမဆုံးဂိုး စတဲ့ စံချိန်ကောင်းတွေ သတ်မှတ်ခံခဲ့ရ ပါတယ်။ 


လက်ရှိ ယူရို-၂၀၂၀  ပြိုင်ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၉ ဂိုးအထိရှိလာပြီး ကျင်းပပြီးစီးခဲ့တဲ့ ယူရိုပြိုင်ပွဲအားလုံးမှာ သွင်းယူခဲ့တဲ့ OG အရေအတွက်ကို ပြိုင်ပွဲတစ်ခုတည်းနဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။    

(SO)






အခြားဆက်စပ်သတင်းများ