နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟယ်ရီကိန်းကိုမရရင် ဘာစီလိုနာစတားကိုခေါ်ဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီးအသင်း

 ဇွန် ၂၉


ဆုဖလားတွေ  ရယူနိုင်ဖို့အတွက် စပါးအသင်းကနေ ထွက်ခွာတော့မယ် လို့ အသက်(၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ ဟယ်ရီကိန်းက ဝန်ခံပြောဆိုထားပြီးသူ့ကိုခေါ်ယူဖို့ မန်စီးတီးအပြင် မန်ချက် စတာယူနိုက်တက်၊ ချဲယ်လ်ဆီး အပါအဝင် ဥရောပထိပ်သီးကလပ်တွေ က အပြိုင်စိတ်ဝင်စားနေကြပါတယ်။


ဟယ်ရီကိန်းအနေနဲ့   တာဝန်       ရှိသူတွေဆီ တရားဝင်အကြောင်းကြား စာမပေးပို့ရသေးပေမယ့် အသင်းက ထွက်ခွာဖို့နဲ့သူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှု မျိုးရှိလာရင်လက်ခံပေးဖို့ အသင်းဥက္ကဋ္ဌ လီဗိုင်ကို အသိပေးပြောဆို ခဲ့ပြီးဖြစ်ပါတယ်။ မန်စီးတီးအသင်း     ဟာ ဟယ်ရီကိန်းကို  ဗြိတိသျှစံချိန် တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူ ဖို့ ကြိုးစားနေပေမယ့် စပါးအသင်း အကြီးအကဲ လီဗီက လိုတာထက်ပိုပြီး ဈေးကိုင်လာရင်တော့ ကိန်းကိုခေါ်ယူ ရေး ဒီနှစ်နွေရာသီမှာနောက်ဆုတ်သွားနိုင်ပါတယ်။


မန်စီးတီးအနေနဲ့ ဒီနှစ်မှာကိန်းကိုအရခေါ်မလားတစ်နှစ်စောင့်မှာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ကို အစားထိုးမှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ စပိန်ကသတင်း တွေမှာမန်စီးတီးရဲ့ဒုတိယအစီအစဉ်က ကိန်းကိုမခေါ်နိုင်ဘူးဆိုရင် ဘာစီလိုနာ က ဂရိဇ်မန်းကို အစားထိုးခေါ်ယူမယ်လို့ရည်ရွယ်ထားကြောင်း ဖော်ပြနေ ပါတယ်။ 


အသက် ၃၀ အရွယ်ရှိတဲ့  ဂရိဇ်မန်း ဟာ ဝါရင့်တိုက်စစ်ကစားသမားဖြစ်ပြီး ကွက်ပျောက်တိုက်စစ် ကစားတတ်လို့ ဂွါဒီယိုလာနှစ်သက်တဲ့ တိုက်စစ်မှူး တစ်ဦးလည်းဖြစ်ပါတယ်။ နူးကမ့်မှာ နှစ်ရာသီပဲ ကစားရသေးပေမယ့်ခြေစွမ်း မပြနိုင်တာကြောင့် အသင်းပြောင်းချင် နေတဲ့ ဂရိဇ်မန်းကို ငွေကြေးကျပ်တည်း နေတဲ့ ဘာစီလိုနာက ရောင်းထုတ်ဖွယ် ရှိလို့ မန်စီးတီးက အခွင့်အရေးယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မန်စီးတီး ဟာ ချဲလ်ဆီးနောက်ခံလူ  ရီဆီဂျိမ်းစ် ကိုလည်း စိတ်ဝင်စားနေပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ