နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီနဲ့ စာချုပ်သစ်ချုပ်ဖို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ ဘာစီလိုနာလာပေါ်တာ

 ဇွန် ၂၉


ဘာစီလိုနာအသင်းဟာ   အသင်း ခေါင်းဆောင် မက်ဆီကို စာချုပ် သစ် ချုပ်ဆိုခဲ့မယ်ဆိုရင် လုပ်ခလစာ ပေါင်(၁၇၁)သန်း လျော့ချသွားရမှာ ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြ ထားပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာ တို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုလ အကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်သစ်အတွက်   အခုအချိန်ထိ သဘောတူညီမှု  မရရှိသေးတာဖြစ်ပါ တယ်။


ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ် တာကတော့ မက်ဆီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိနေပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ  ကြွေးမြီပေါင်(၁)ဘီလျံနားမှာရှိနေတာကြောင့် ဘာစီ လိုနာဟာ  အခုအပြောင်းအရွှေ့မှာ ဒီပိုင်း၊ အဂွေရို၊ဂါစီယာစတဲ့နာမည်ကြီး ကစားသမားအချို့ကိုအလွတ်ပြောင်း ရွှေ့ကြေးနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့စာချုပ်အခြေအနေ က ဦးစားပေးအရာ ဖြစ်နေတာပါ။  RAC1 ရဲ့  ဖော်ပြချက်မှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင် လုပ်ခ လစာပေါင်(၁၇၁)သန်းလျော့ချရတော့ မှာဖြစ်ပြီး  ဒီလိုလျော့ချဖို့အတွက် အသင်းမှာရှိတဲ့နာမည်ကြီး ကစားသမား များဖြစ်တဲ့ ကော်တင်ဟို၊ အမ်တီတီ၊ ယာနစ်နဲ့ ဖာပိုအပါအဝင် ကစားသမား အများအပြားရဲ့ ဘာစီလိုနာ အနာဂတ် ဟာ မသေချာတော့တာလည်းဖြစ်ပါ တယ်။ ပြင်သစ်လက်ရွေးစင်ကစား သမား၂ ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီ တို့ဟာလည်း မကြာသေးခင်က အသင်း က ထွက်ခွာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။                                

(SO)






အခြားဆက်စပ်သတင်းများ