နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဝေးလ်အသင်း ဒိန်းမတ်ကို မရှုမလှရှုံးနိမ့် ပြိုင်ပွဲက ထွက်ခဲ့ရ

 ဇွန် ၂၈


ဒန်နီရယ်ဂျိမ်းစ်ရဲ့ ယူရို ( ၂၀၂၀) ပြိုင်ပွဲကတော့ စိတ်ပျက်စရာ အခြေ အနေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဝေးလ်အသင်းဟာ ဆွစ်ဇာလန်၊ တူရကီ ၊  အီတလီတို့နဲ့ တွေ့ဆုံခဲ့တဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ( ၄ ) မှတ်ရယူနိုင်ခဲ့ပေမယ့် အမ်စတာဒမ်မှာ ကစားခဲ့တဲ့ ( ၁၆ )သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာတော့ ဒိန်းမတ်ကို  ၄-၀  ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။ 


ဒိန်းမတ်က ဝေးလ်ရဲ့ တိုက်စစ်ကို အသက်မဲ့သွားစေခဲ့ပြီး အာရွန်ရမ်ဆေး ကို ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂါရတ် ဘေးကလည်း  ပွဲစဉ်တစ်လျှောက် ခြေပျောက်နေခဲ့ပါတယ်။ နောက်ပြီး ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည် တွေကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဂျိမ်းစ်က ယူရိုပြိုင်ပွဲတစ်လျှောက် တောင်ပံကနေ ခြေစွမ်းပြနိုင်ခဲ့ပြီး (၄) ပွဲဆက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ယခုပွဲစဉ်မှာတော့ ဒုတိယပိုင်းအတွင်း လူစားလဲ ခံခဲ့ရပါတယ်။


 ဂျိမ်းစ်ဟာ ယခုပြိုင်ပွဲမှာ ဝေးလ် အသင်းနဲ့အတူ အဇာဘိုင်ဂျန်၊အီတလီ နှင့် နယ်သာလန်နိုင်ငံတွေကိုသွားရောက် ကစားခဲ့ရပြီးနောက် လက်ရှိမှာတာ့ ကောင်းစွာ  အနားယူခွင့် ရှိ နေပါတယ်။ ယူနိုက်တက်ပရိသတ်တွေက ဂျိမ်းစ် အနေနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ယခု လို ရာသီသစ်မစတင်မီ အချိန်ပိုအားလပ် ရက်ရရှိသွားတာက  သူ့အတွက်ကောင်း မွန် တဲ့ အရာတစ်ခုဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ယူနိုက်တက် ပရိသတ်တစ်ဦး က “ဝေးလ်က ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အတွက် ဂျိမ်းစ်ဟာ လိဒ် နဲ့ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝ  နေပါလိမ့်မယ်”လို့   မှတ်ချက်ပေးထားပါ တယ်။   (SO)






အခြားဆက်စပ်သတင်းများ