နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုချန်ပီယံကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ဘယ်လ်ဂျီယံ

ဇွန် ၂၈


ယူရိုဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲအဖြစ် ဘယ်လ်ဂျီယံ နှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ဘယ်လ်ဂျီယံက ပေါ်တူဂီအသင်း ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါပွဲစဉ်   ပထမပိုင်းတွင် နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ် ဆင်ကစားခဲ့သော်လည်း နှစ်သင်းစလုံး ၏ ခံစစ်ပိုင်း ကောင်းမွန်မှုကြောင့် တိုက်စစ်ပိုင်းက ကျော်ဖြတ်ရန်ခက်ခဲ နေခဲ့ပြီး အခွင့်အရေးရရှိမှု နည်းပါးခဲ့ သည်။


သို့သော် ပွဲကစားချိန် ၄၂ မိနစ်မှာ ဘယ်လ်ဂျီယံအသင်း၏ တောင်ပံ ကစားသမား  သော်ဂန်ဟာဇက်၏ အဝေးကန်သွင်းချက်နှင့်အတူ ဘယ်လ် ဂျီယံအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။

ဒုတိယပိုင်းမှာလည်း  ပေါ်တူဂီ အသင်း က အခွင့်အရေး တချို့ရရှိခဲ့ သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင် သောကြောင့် နစ်နာခဲ့ရပြီး ဘယ်လ် ဂျီယံအသင်း သက်သာရာရခဲ့ခြင်း ဖြစ်သည်။ 

လက်ကျန် မိနစ်များမှာတော့ နှစ်သင်းစလုံးက   ဂိုးသွင်းယူနိုင်ခဲ့ ခြင်းမရှိဘဲ ပထမပိုင်းရလဒ်အတိုင်း ဘယ်လ်ဂျီယံက ပေါ်တူဂီအသင်းကို အနိုင်ရရှိခဲ့သည်။ ဘယ်လ်ဂျီယံအသင်း သည် ကွာတားဖိုင်နယ်အဆင့်တွင် အီတလီအသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။   

  (သူရိန်)






အခြားဆက်စပ်သတင်းများ