နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွာတားဖိုင်နယ်ပွဲထက် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲက ပိုခက်ခဲကြောင်း မန်ချီနီ ဖွင့်ဟ

 ဇွန် ၂၈


အီတလီနည်းပြ ရော်ဘတ်တို မန်ချီနီဟာ  ယူရို ၂၀၂၀ ပြည့်နှစ် ၁၆ သင်း  ရှုံးထွက်အဆင့်မှာ သြစတြီးယားအသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက်  အီတလီ နည်းပြ  ရော်ဘတ်တိုမန်ချီနီဟာ အသင်းရဲ့ခြေစွမ်းကို အားရကျေနပ် နေပြီး ခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ တယ်ဆိုပြီး  ချီးကျူးစကားဆိုလာခဲ့ ပါတယ်။


အီတလီတို့ဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုအသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမဲ့ လည်း သြစတြီးယားအသင်းက ခံစစ် ကောင်းမွန်နေတာကြောင့် မိနစ် ၉၀ အတွင်းမှာ ဂိုးမရှိ သရေကျခဲ့ကာ အချိန်ပိုအထိ ရောက်သွားခဲ့ရတာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း လူစားဝင်လာ တဲ့ ခီယေဆာနဲ့ ပီဆီနာတို့က အီတလီ အတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေ ကို အချိန်ပိုမှာ ရယူပေးခဲ့ကြပြီး သြစတြီး ယားကတော့ ထောင့်ကန်ဘောကနေ တစ်ဆင့်  ခါလိုင်ဒ်ဇစ်ရဲ့ခေါင်းတိုက် ချေပဂိုးတစ်ဂိုး  ပြန်လည်ရယူနိုင်ခဲ့ ပါတယ်။ ပွဲပြီးမှာတော့  အီတလီတို့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါ တယ်။ မန်ချီနီကတော့ သူ့အသင်းရဲ့ အခြေအနေတွေကို စိတ်တိုင်းကျ နေပြီး ကွာတားဖိုင်နယ်ဟာ အခုကစားခဲ့ပြီး ဖြစ်တဲ့ ၁၆ သင်း ရှုံးထွက် အဆင့် လောက်   မခက်ခဲနိုင်တော့ဘူးလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ 


မန်ချီနီက “ဒီပွဲဟာ ခက်ခဲမယ်မှန်း ကျွန်တော် အစောကတည်းက သိခဲ့ပါ တယ်။ ကွာတားဖိုင်နယ် ပွဲထက်တောင် ပိုခက်ခဲခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ရလဒ်နဲ့ လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီလိုစိန် ခေါ်မှုတွေက ကောင်းပါတယ်။  ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြသ နိုင်ခဲ့တာပေါ့။  (ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီ) နှစ်သင်းစလုံးက ထိပ်တန်း အသင်း တွေပါပဲ။ ဘယ်အသင်းက ပိုခက် ခဲမလဲဆိုတာတော့ ရွေးချယ်ရခက်ပါ တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ