နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂရီလစ်ရှ်ကို ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှုရရှိသွား‌

ဇွန် ၂၇


Daily Mail သတင်းစာက မန်စီးတီးအသင်းဟာ ဗီလာကြယ်ပွင့် ဂျက်ဂရီလစ်ရှ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ ရေးသားလိုက်ပါတယ်။ 


အသက် ၂၅ နှစ်အရွယ် ဂရီလစ်ရှ်ဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန် အသင်းနဲ့အတူ ယူရိုပြိုင်ပွဲနွှဲနေပြီး ဒီပြိုင်ပွဲပြီးရင် တရားဝင်စာချုပ်နိုင် လိမ့်မယ်လို့လည်း ရေးသားထားပါတယ်။  


ဂရီလစ်ရှ်ဟာချက်ကို အနိုင်ရတဲ့ပွဲစဉ် မှာ ပွဲထွက်ကစားသွားခဲ့ ပါတယ်။  ဂရီလစ်ရှ်ရဲ့ စာချုပ်သက်တမ်းက ၄ နှစ် ကျန်နေသေး ပေမယ့် ဗီလာဟာသူတို့ ကစားသမားကို ထိန်းသိမ်းဖို့ မစွမ်းသာတော့ တာကြောင့်  ဂွါဒီယိုလာနဲ့ လာရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။


 ဗီလာကလည်း နောဝှစ်ချ်က ဘူယန်ဒီယာကို ခေါ်ယူထားပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် ဂရီလစ်ရှ်နေရာမှာ ကစားနိုင်တဲ့ အင်တာမီလန် ကစားသမား ဟောင်း အက်ရှ်လေယန်းကိုလည်း အလွတ်ပြောင်း ရွှေ့ကြေး နဲ့ ရထားပါတယ်။ မန်စီးတီးကတော့ မန်ယူနဲ့ စပါးတို့ကို ကျော်ဖြတ်ပြီး ဂရီလစ်ရှ်ကို ရအောင်ခေါ်ယူနိုင်ခဲ့တာပါ။ 


မန်စီးတီးဟာ ဒီသီတင်းပတ် အစောပိုင်းမှာ စပါးတိုက် စစ်မှူး ဟယ်ရီကိန်းအတွက် ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ စပါးဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက  အင်္ဂလန် တိုက်စစ်မှူးအတွက် ပေါင် သန်း ၁၅၀ သတ်မှတ်ထားပေမယ့်  ကာယကံရှင်ကိုယ်တိုင်က အသင်းကနေ    ထွက်ခွာချင်နေတာကြောင့် မန်စီးတီးအနေနဲ့ လက်မလျှော့သေးဘူးလို့ ဖေါ်ပြထားတာပါ။


(SO)






အခြားဆက်စပ်သတင်းများ