နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပကလပ်ပွဲတွေအားလုံးအတွက် အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်တော့မယ့် ယူအီးအက်ဖ်အေ‌

ဇွန် ၂၇


၁၉၆၅ခုနှစ်ကတည်းကယခုအချိန်ထိအသုံးပြုနေပြီးလက်ရှိကျင့်သုံးနေတဲ့အဝေးဂိုးစည်းမျဉ်းကိုဘောလုံးလောကအတွင်းထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြသူတွေကအဝေးဂိုးစည်းမျဉ်းဟာမျှတမှုမရှိကြောင်းမေးခွန်းထုတ်လေ့ရှိပါတယ်။အဝေးဂိုး စည်း မျဉ်းကို နှစ်ကျော့ကစားတဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာအသုံးပြုနေပြီး နှစ်ကျော့ပေါင်းရလဒ်တူညီနေရင် အဝေးကွင်းမှာ ဂိုးပို သွင်းတဲ့ အသင်းကအနိုင်ရတာဖြစ်ပါတယ်။ဒါဟာ အိမ်ရှင်အသင်းတွေအတွက် ဂိုးမပေးရဖို့သာပိုမိုအာရုံစိုက်ကြပြီးတိုက်စစ်မကစားကြတော့တဲ့အားနည်းမှုကိုဖြစ်ပေါ် စေတယ်လို့ ဝေဖန်သူတွေရှိခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်မှာတော့ ယူအီးအက်ဖ်အေ လက်အောက်ခံကော်မတီ ၃ ခု ဖြစ်တဲ့ ကလပ်ပြိုင်ပွဲများ ကော်မတီ၊ အမျိုးသမီးဘောလုံးကော်မတီ၊ ယူအီးအက်ဖ်အေအမှုဆောင် ကော်မတီတို့ကအစည်းအဝေးပြုလုပ် ကာအဝေးဂိုးစည်းမျဉ်းကိုဖျက်သိမ်းနိုင်ဖို့ဆွေးနွေးခဲ့ပြီးကော်မတီ ၃ ခုစလုံးက အဝေးဂိုး စည်းမျဉ်းကို ပယ်ဖျက်ဖို့သဘောတူညီခဲ့ကြတာပါ။ဒါကြောင့် ၂၀၂၁-၂၂ ဘောလုံးရာသီကစလို့ အမျိုးသား၊ အမျိုးသမီး၊ လူငယ် အဆင့်ပြိုင်ပွဲတွေရဲ့ခြေစစ်ပွဲအဆင့်ဆင့်မှာပါ အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်လိုက်ကြောင်း ယူအီးအက်ဖ်အေက ကြေညာပါ တယ်။ ဒါပေမဲ့ အခုလိုပြောင်းလဲမှုကို နည်းပြတွေကတော့ သိပ်သဘောကျမယ့်အနေအထားမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လိုအပ်လာရင်အချိန်ပိုတွေ၊ ပင်နယ်တီတွေဆက်ကစားရဖို့ရှိနေပြီး ကစားသမားတွေပိုပင်ပန်းမယ့် အနေအထားကြောင့် ပဲ ဖြစ်ပါတယ်။  

  (SO)






အခြားဆက်စပ်သတင်းများ