နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေဂျာလိဂ်တွင် မိမိ၏ ကစားသမားဘဝကို အဆုံးသတ်လိုဟု ဂရစ်ဇ်မန်း ပြေ

ာ‌ဇွန် ၂၆


ဘာစီလိုနာနှင့် ပြင်သစ်အသင်း တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း သည် မိမိ၏ ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်လို သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။


အသက် ၂၉  နှစ်အရွယ်ရှိ    ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၂  ခုနှစ် အထိသက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ကစားသမားဘဝကို အမေရိကန်တွင် အဆုံးသတ်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ဂရစ်ဇ်မန်းက    "ဘာစီလိုနာအသင်းနဲ့အတူ   လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ  ဗိုလ်စွဲဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ အဲဒီ ရည်မှန်းချက်တွေ ပြည့်သွားပြီဆိုရင် ပြင်သစ်အသင်းနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ  ဗိုလ်ထပ်စွဲချင်ပါတယ်။  ပြီးရင်တော့ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။


အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားများ ကစားသမားဘဝ အဆုံးသတ်ခါနီးတွင် ကစားကြသည့် လိဂ်တစ်ခု ဖြစ်ပြီး အင်္ဂလန်နာမည်ကျော်ဘောလုံးသမားဟောင်းများဖြစ်ကြ သည့်  ဂျရတ်၊ ဘတ်ခမ်းနှင့် အီတလီကွင်းလယ်လူဟောင်း ပီယာလိုတို့ အပြင် နာမည်ကျော်ကစားသမားများစွာ ကစားခဲ့ကြသော လိဂ်တစ်ခု ဖြစ်သည်။                                                                    (သူရိန်)






အခြားဆက်စပ်သတင်းများ