နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုမှာ ကန်သွင်းချက်တွေ လွဲနေလို့မိသားစုတွေထံ ခြိမ်းခြောက်စာတွေ ရောက်ကြောင်း မိုရာတာ ဖွင့်ဟ‌

ဇွန် ၂၇


စပိန်တိုက်စစ်မှူး အယ်ဗာရို မိုရာတာက ယူရို ၂၀၂၀ မှာ ပြသနေတဲ့ သူရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ ဆီကနေ ၎င်းရဲ့မိသားစုထံ အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ရနေတယ်လို့ထုတ်ဖော်ဖွင့်ဟပါတယ်။ မိုရာတာဟာယူရို ပြိုင်ပွဲ ဆွီဒင်နဲ့ ဝ-၀ သရေကျတဲ့ပွဲမှာ စပိန်အတွက် ကန်သွင်းချက်တွေ လွဲချော်ခဲ့လို့  ပိုလန်နဲ့ကစားတဲ့ပွဲမှာ  လှောင်ပြောင်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ပိုလန်နဲ့  ၁-၁  သရေကျတဲ့ပွဲမှာ  မိုရာတာ ဂိုးသွင်းယူပေးခဲ့ပြီး ဂျရတ်မိုရီနိုရဲ့  ပင်နယ်တီကန်ချက်ပြန်  အံ့ထွက်လာတာကိုကန် သွင်းမှုဟာ     လွဲချော်ခဲ့ပြန်ပြီး ဆလိုဗက်ကီးယားကို ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာလည်း  ဂိုးပေါက် ပျောက်ခဲ့ပါတယ်။ “ဂိုးတွေ မသွင်းနိုင်တဲ့အတွက် ဝေဖန်မှုခံရတာ နားလည်ပါတယ်။ ဒါကိုနားလည် ပြီးလက်ခံတာပထမဆုံးပါဘဲ  ဒါပေမဲ့ မိသားစုထံစော်ကား ပြောဆိုအသက်အန္တာရယ်ခြိမ်းခြောက်ခံခဲ့ရရင်ကိုယ် သာဆိုဘယ်လိုခံစားရ မလဲလူတွေမြင်စေချင် ပါတယ်၊ ယခုတစ်ပတ်မှာဆိုသင့်ကလေး တွေသေတာကို ငါမြင်စေချင်တယ်ဆိုတဲ့ အဲလိုစာသားမျိုးကြားရလို့ ကျွန်တော့်ဖုန်းနဲ့ ကင်း ကင်းနေခဲ့ရတယ်။ လှောင်ပြောင်စာသားတွေ (memes) လုပ်ခံရတာဘာမှမဖြစ်ပါဘူး ဒါပေမဲ့ကျွန်တော်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာက ကျွန်တော့်မိန်းမက ဒီဒဏ်တွေ ခံနေရတာပါ။ ကျွန်တော့်ကလေးတွေက သူတို့ရှပ်အင်္ကျီမှာ ကျွန်တော်နာမည်တပ်ပြီး  ဆီဗေးလ်ကိုသွားကြပါတယ်။ သူတို့လည်းကြားမှာပါ ကျွန်တော့်အလုပ် ကောင်းစွာမလုပ်နိုင်တဲ့ အတွက် ဝေဖန်ခံရတာကိုနားလည်ပါတယ်။ ဒါပေမဲ့ဒါက အကန့် အသတ်ရှိပါတယ်”ဟု မိုရာတာက ပြောကြားသွားပါတယ်။ ယူရို ၂၀၂၀ မ စမီ ချစ်ကြည်ရေးပွဲမှာကတည်းက မိုရာတာကို ပရိသတ်တွေက Morata!! how bad you are ဆိုပြီး အော်ဟစ်ခဲ့ကြတာ ဖြစ် ပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ