နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြသစ်ရှာနေတဲ့စပါးအသင်းငြင်းပယ်ခံရ ထပ်ပြီးအရှက်ကွဲ‌

ဇွန် ၂၆


စပါးအသင်းဟာနည်းပြမော်ရင်ညိုကို ထုတ်ပယ်လိုက် တဲ့နောက်ပိုင်း နည်းပြသစ်ခန့်အပ်ဖို့ကြိုးစားနေတာ သုံးလထဲရောက်လာခဲ့ပါပြီ။နည်းပြသစ်ရှာပုံတော်ဖွင့်နေတဲ့ စပါးအသင်းဟာ အခုဆီဗီလာနည်းပြလိုပီတီဂူရီကိုကမ်းလှမ်း မှုကလည်း ငြင်းဆန်လိုက်တာကြောင့် ထပ်မံအရှက် ကွဲခဲ့ရပြန်ပါတယ်။ စပါးဘောလုံးဒါရိုက်တာသစ်ပါရာတီဆီဟာဆီဗီလာကိုချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့တဲ့လိုပီတီဂူရီနဲ့ဆက်သွယ်ခဲ့ပေမဲ့အသက် ၅၄ နှစ်အရွယ် စပိန်သားနည်းပြက အန်ဒါလူစီယာ အခြေစိုက်အသင်းမှာပဲဆက်နေဖို့ပိုပြီးနှစ်သက်တယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုဆီဗီလာဥက္ကဋ္ဌဂျို့စ်ကက်စ်ထရိုကိုယ်တိုင်လူသိရှင်ကြားထုတ်ပြောခဲ့လို့စပါးအတွက် ပိုအရှက်ရခဲ့ရပါတယ်။စပါး ဟာလိုပီတီဂူရီကိုမူး နောက်စရာကမ်းလှမ်းမှုမျိုးနဲ့ ကြိုးစားခဲ့တယ်လို့ကတ်စထရိုကစပိန်ရေဒီယို Cadena SER နဲ့ အင်တာဗျူးမှာပြောသွားခဲ့တာပါ။ “သူနားမထောင်ချင် တော့တဲ့မူးနောက်စရာကမ်းလှမ်းမှုတစ်ခုကို စပါးဆီကရရှိခဲ့တယ်လို့လိုပီတီဂူရီကကျွန်တော့်ကို ဖုန်းဆက်ပြော ပါတယ်။ ဒါပေမဲ့အကြောင်းအရာတွေကိုတော့ သူမမေ့ ပါဘူးတဲ့။ ကျွန်တော်တို့ကတော့သူ့ကိုယုံပါတယ်။ နှစ်နှစ် စာချုပ် သက်တမ်းတိုးခွင့်လည်း ပေးထားတယ်။ ကျွန်တော် တို့အတွက်  ပိုမိုစွမ်းဆောင်ပေးဦးမယ်ဆိုတာလည်း သေချာပါတယ် ” လို့  ကက်စ်ထရိုက ဆိုပါတယ်။ ယူရို ၂၀၂၀ မှာမပါဝင်တဲ့စပါးကစားသမားတွေဟာဇူလိုင် ၅ ရက်နေ့မှာ ပြန်လည်စတင်မယ့် ရာသီသစ် လေ့ကျင့်ရေး အစီအစဉ် အတွက်သတင်းပို့ဖို့အကြောင်း ကြားခံထားရပေမယ့် လည်းစပါးကတော့ လက်ရှိအချိန်အထိ နည်းပြသစ်မခန့် အပ်နိုင်သေးပါဘူး။                                            (SO)






အခြားဆက်စပ်သတင်းများ