နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်ချိုအတွက် ဒေါ့တ်မွန်တောင်းတဲ့အတိုင်း မန်ယူသဘောတူ‌

ဇွန် ၂၆


မန်ယူအသင်းဟာ သူတို့လိုချင်နေတဲ့ဆန်ချိုအတွက် ဒေါ့တ်မွန် တောင်းဆိုတဲ့နောက်ဆုံးဈေးကိုပေးဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။  မန်ယူနိုက်တက်ဟာ  အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက်  အစောပိုင်းကာလမှာ ပေါင် ၇၅ သန်းနဲ့ကမ်းလှမ်း ခဲ့ပေမယ့်ဒေါ့တ်မွန်တို့က ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ကာယကံရှင် ကစားသမားက မန်ယူနိုက်တက်နဲ့ ငါးနှစ်စာချုပ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်နေသလို မန်ယူနိုက်တက် ကလည်း သူတို့ရဲ့ပစ်မှတ်ကိုအရခေါ်ယူဖို့ ပေါင် ၇၇ သန်းပေးတော့ မှာဖြစ်ပါတယ်။ ဂျာမန်အခြေစိုက် Bildသတင်းစာက အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားနဲ့ မန်ယူနိုက်တက်တို့ရဲ့ စာချုပ်ပွဲကို ရက်အနည်းငယ်မှာ မြင်ရလိမ့်မယ်လို့ ဖော်ပြပါတယ်။ ဒါဟာ မန်ယူ အတွက်တော့ ပေါ့ဘာနဲ့ မက်ဂွိုင်းယား တို့နောက် တတိယမြောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားဖြစ်လာတော့မှာပါ။ လက်ရှိအချိန်မှာတော့ ဆန်ချိုဟာ အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲနွှဲ နေပါတယ်။ ဒါပေမဲ့ နည်းပြဆောက်ဂိတ်က စတာလင်း၊ ဖိုဒန်၊ ဆာကာနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တောင်ပံမှာပိုပြီး နှစ်သက်နေတာကြောင့် ၉ မိနစ်သာ ကစားခွင့် ရထားပါတယ်။ ဆန်ချိုဟာ ၂၀၁၇ တုန်းက မန်စီးတီးကနေ ဒေါ့တ်မွန်ကို ပေါင် ရှစ်သန်းတည်းနဲ့ ရောက်ရှိလာခဲ့ သူပါ။ ဒါပေမဲ့ ဘွန်ဒက်စ်လီဂါကလပ်ဒေါ့တ်မွန်အတွက် ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်း၊ ၆၄ ကြိမ် ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒေါ့တ်မွန် အတွက် ခက်ခဲတဲ့ရာသီဖြစ်ခဲ့တဲ့ မနှစ်ကတောင် ၁၆ ဂိုးသွင်းပြီး အကြိမ် ၂၀ ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။                                            

(SO)






အခြားဆက်စပ်သတင်းများ