နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆက်ဆူအိုလိုအသင်း တိုက်စစ်မှူး ဘီရာဒီကို ခေါ်ယူရန် လီဗာပူးအသင်း ကမ်းလှမ်း‌

ဇွန် ၂၆


ဆက်ဆူအိုလိုအသင်းတွင် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး ဘီရာဒီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၅ သန်းဖြင့် လီဗာပူးအသင်းက ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းသည် လာမည့်အပြောင်းအရွှေ့ကာလတွင် အသင်းမှ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဆာလာကို ဆုံးရှုံးရနိုင်သည့် အခြေအနေများရှိနေသည့်အတွက် ယင်း၏နေရာတွင် အစားထိုးရန် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် ဘီရာဒီကို ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ဘီရာဒီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဆက်ဆူအိုလို အသင်း နှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲတွင် ပွဲစဉ် ၃၀ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၁၇ ဂိုးထိ သွင်းယူနိုင်ခဲ့သည့်အတွက် လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း  အီတလီအသင်းတွင် ပါဝင် ခွင့်ရရှိခဲ့သူဖြစ်သည်။


ယင်းကို စီးရီးအေထိပ်တန်းအသင်းကြီး အများစုက စောင့်ကြည နေသည့် အခြေအနေများကြောင့် လီဗာပူးအသင်းက လက်ဦးမှုရယူ၍ ခေါ်ယူနိုင်ရန် ကမ်းလှမ်းမှုပြုလုပ်ထားခြင်းဖြစ်သည်။           

(သူရိန်)






အခြားဆက်စပ်သတင်းများ