နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်ကို ကျော်ကာ အုပ်စုပထမ ရယူနိုင်ခဲ့ခြင်းအတွက်ဂုဏ်ယူနေတဲ့ ဆွီဒင် နည်းပြ ဂျန်အန်ဒါဆန်‌

ဇွန် ၂၅


ဆွီဒင်နည်းပြ ဂျန်အန်ဒါဆန်က ပိုလန်ကို ၃-၂ ဂိုးနဲ့ အနိုင်ယူကာ အုပ်စုပထမရခဲ့ပြီးနောက် ကစားသမားတွေကို သူရဲကောင်းတွေအဖြစ် ချီးကျူးခဲ့ပါတယ်။ ကလာဆန်ရဲ့ နောက်ကျဂိုး ကြောင့် ဆွီဒင်အသင်းဟာ အနိုင်ရခဲ့ပြီး အုပ်စု ပထမ နေရာကနေနောက်တစ်ဆင့်ကို တက်နိုင် ခဲ့ပါတယ်။  အန်ဒါဆန်က “ကျွန်တော်တို့ အုပ်စုပထမနေရာရခဲ့တာ တကယ်မိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ကျွန်တော်တို့ အုပ်စုပထမနေရာရခဲ့ပြီး အခုတော့ ထပ်လုပ်နိုင် ခဲ့ပါပြီ။ အသင်းရဲ့ အားထုတ်ပုံနဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပါတယ်။ သူတို့ မိနစ် ၉၀ လုံး တိုက်ပွဲဝင်ခဲ့ကြပြီး အဲ့ဒီအတွက် ပျော်ပါတယ်၊ သူတို့က တကယ်ကောင်းတဲ့  ကစားသမားတွေ ဖြစ်ပြီး အချင်းချင်းတွေအတွက် ပေးဆပ်ခဲ့ကြ တာ တစ်သင်းလုံးချီးကျူးခံရမှုနဲ့ ထိုက်တန်ပါ တယ်။ အခုတော့ နားရက်အနည်းငယ်ရမှာဖြစ်ပြီး ဒါကလည်း တကယ်မိုက်တဲ့ ခံစားချက်ပါ”လို့ဆိုခဲ့ ပါတယ်။


ဆွီဒင်အသင်းဟာနာမည်ကြီးရေပန်းစားနေတဲ့စပိန်ကိုကျော်ကာ အုပ်စုဗိုလ်ဖြစ်လာခဲ့တာ ကြောင့် နည်းပြကြီး သူ့အသင်းသားတွေကိုချီးကျူး  မယ်ဆိုရင်လည်းချီးကျူးထိုက်ပါတယ်လို့ ဆိုရ မှာဖြစ်ပါတယ်။ အန်ဒါ ဆန်ကလိုက်ပ်ဇစ်တိုက်စစ် မှူးဖော့စ်ဘတ်ချ်ကိုလည်း အထူးချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ