နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာမို့စ်နေရာမှာအစားထိုးဖို့ ပါအူတောရက်စ်ကို ရီးရဲလ်ချိန်ရွယ်‌

ဇွန် ၂၂


ရီးရဲလ်မက်ဒရစ်   အသင်းဟာ အသင်းမှထွက်ခွာသွားတဲ့  ရာမို့စ်ရဲ့ နေရာ အစားထိုးဖို့ ဗီလာရီးရဲလ်နဲ့ စပိန်ကြယ်ပွင့် ကလပ်နဲ့  နိုင်ငံအသင်းမှာ ခြေစွမ်းပြနေတဲ့  အသက် ၂၄ နှစ်အရွယ် နောက်ခံလူ  ပါအူတောရက်စ်ကို စိတ်ဝင်စားနေပါတယ်။ လက်ရှိ ရီးရဲလ် ခံစစ်မှာ ဗာရာနီ၊ မီလီတာအို၊ နာချိုနဲ့ မကြာခင် ရောက်လာတော့မယ့် ဒေးဗစ် အလာဘာတို့ရှိနေပြီး  နည်းပြသစ် အန်ဆယ်လော့တီအတွက် ရွေးချယ် စရာနည်းပါးနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီတုန်းကယူရိုပါလိဂ်ဖလားရရှိခဲ့တဲ့ အူနိုင်းအမ်မရီရဲ့အသင်းမှာ အဓိက ကစားသမားတစ်ယောက်  ဖြစ်ခဲ့တဲ့ ပါအူတောရက်စ်ကို ပစ်မှတ်ထားလာ တာလို့ AS သတင်းစာက ရေးသား လိုက်ပါတယ်။  ဗဟိုနောက်ခံလူ တောရက်စ်ဟာ လူးဝစ်အင်းနရစ်ရဲ့စပိန် အသင်းမှာလည်း လာပေါ်တီနဲ့အတူ ပွဲထွက်ခွင့်ရနေသူပါ။ 


အထူးသဖြင့် အသက်အရွယ်နဲ့ အတွေ့အကြုံအရ ရီးရဲလ်ကာလရှည်   ရှာဖွေနေခဲ့တဲ့ အရည်အချင်းတွေပြည့်စုံနေသူဖြစ် ပါတယ်။ ဒါပေမဲ့ သူတို့အတွက်အဓိက အဟန့်အတားဖြစ်နေတာက  ပေါင် ၄၃ သန်း ဝန်းကျင်ရှိနေတဲ့ ပြောင်းရွှေ့ ကြေးပါပဲ။ 


ကိုဗစ်ကြောင့်ဘဏ္ဍာရေး ယိုင်နဲ့နေတဲ့ရီးရဲလ်ဟာ  ဗာရာနီကို တောင်ရောင်းချရမယ့် အခြေအနေ ဖြစ်နေပါတယ်။  ဒီငွေကလည်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီကို ခေါ်ယူရေးမှာ သုံးစွဲဖို့ဖြစ်တာကြောင့် ပါအူတောရက်စ်အတွက်အခက်တွေ့နေ ပါတယ်။ဒါကြောင့်ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ဟာနောက်နှစ်နွေဈေးကွက်ရောက်မှသာဗီလာရီးရဲလ်နောက်ခံလူကိုခေါ်ယူနိုင်ဖို့ကြိုးစားနိုင်တယ်လို့လည်း AS က သုံးသပ်ထားပါတယ်။

  (SO)






အခြားဆက်စပ်သတင်းများ