နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောက်ဂိတ်က နည်းစနစ်ပေါင်းများစွာကို လုပ်ဆောင်နိုင်တဲ့သူလို့ ချီးကျူးလိုက်တဲ့ ကွင်းလယ်လူ ဖိုဒန်‌

ဇွန် ၂၂


ပြီးခဲ့တဲ့ စကော့တလန်နဲ့ကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲမရခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် နည်းပြ ဆောက်ဂိတ်က နည်းစနစ်ပေါင်းများစွာကို လုပ်ဆောင်နိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်း အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်က ပြောခဲ့ပါတယ်။  ဒီနေ့ညမှာတော့ အင်္ဂလန်ဟာ ချက်ဇ်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စု ပထမနေရာရဖို့ဆိုရင် အနိုင်ကစားဖို့ လိုအပ်နေ တာပဲ ဖြစ်ပါတယ်။  


"ဆောက်ဂိတ်က နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး သူရဲ့အလုပ်ကိုနေ့တိုင်း အကောင်းဆုံးလုပ်နိုင်ဖို့အတွက် ကြိုးစားတယ်ဆိုတာ သူနဲ့ နီးစပ်တဲ့ သူတိုင်း သိပါ တယ်။ သူရဲ့ နည်းစနစ်တွေကလည်း တစ်ပွဲနဲ့တစ်ပွဲ မတူအောင် ချမှတ်နိုင်တဲ့သူပါ။ အဆိုးမြင်တဲ့သူတွေကတော့ ဆောက်ဂိတ်ကို သူတို့မြင်တဲ့အတိုင်းပြောကြမှာပါ။ လေ့ကျင့်ရေးကွင်းမှာ ကစားသမားကောင်းတွေနဲ့အတူ လေ့ကျင့်ရတာကြောင့် ကစားသမားကောင်းတွေများတဲ့ အင်္ဂလန်မှာ  ဆောက်ဂိတ်အတွက်  ပွဲထွက် ကစားသမားရွေးချယ်ရတာ ခက်ခဲစေပါတယ်"လို့ အင်္ဂလန် ကစားသမား ဖိုဒန်က ပြောခဲ့ပါတယ်။                                         

 (သူရိန်)






အခြားဆက်စပ်သတင်းများ