နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်အစိုးရနှင့် နျူကလီးယားဆွေးနွေးပွဲကျင်းပခြင်း အစ္စရေး သတိပေး

တဲလ်အဗစ်   ဇွန်    ၂၂


သဘောထားတင်းမာသူ  တရား သူကြီး အီဗရာဟင်ရိုင်စီကို အီရန်သမ္မတ အဖြစ် ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့တွင်ရှုတ်ချ လိုက်ပြီး ထိုအစိုးရသည် အင်အားကြီး နိုင်ငံများအနေဖြင့်     နျူကလီးယား ဆွေးနွေးပွဲမကျင်းပသင့် သည့် ရက်စက် ကြမ်းကြုတ်သော    ကြိုးပေးသမား၏ အစိုးရသာဖြစ်ကြောင်း ပြောလိုက်သည်။ 


လွန်ခဲ့သော      ရက်သတ္တပတ်က အာဏာ ရလာသော  အစ္စရေး ဝန်ကြီးချုပ် နာတာလီဘန်နက်က အစိုးရ၏ ပထမဆုံး ရုပ်သံအစည်းအဝေးကိုကျင်းပပြီး ရိုင်စီ အီရန်သမ္မတဖြစ်လာခြင်းမှာ     အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ ထောက်ခံမှုကြောင့်သာ ဖြစ်ပြီး  လွတ်လပ်သောပြည်သူလူထု ရွေးကောက်ပွဲကြောင့် မဟုတ်ကြောင်း ပြောသည်။ 


ဝါရှင်တန် စွပ်စွဲထားသောအချက် များနှင့်ပတ်သက်ပြီး ရိုင်စီက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိသော် လည်း သူသည် ၁၉၈၈ ခုနှစ် ထောင်နှင့်ချီသော  နိုင်ငံရေးအကျဉ်းသားများကို တရား စီရင်မှုမဲ့ စီရင်ခဲ့သူဖြစ်ကြောင်း လူ့ အခွင့် အရေးအဖွဲ့များ ပြောသည်။ 


ဒေါ်နယ်ထရမ့်အစိုးရသည် အစ္စရေးနိုင်ငံနှင့်သဘောတူပြီး     နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။ သို့သော် ဘိုင်ဒင်အစိုးရသည် ထိုသဘောတူ စာချုပ်တွင်  ပြန်လည်ပါဝင်လိုသည်။ အီရန်က    နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်  ကြိုးစားခြင်းမရှိကြောင်း ငြင်းထားသည်။ 

ရဲခေါင် ( Ref; BBC)






အခြားဆက်စပ်သတင်းများ