နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Porsche ကားကုမ္ပဏီမှ ဘက်ထရီစက်ရုံသစ်ကို တည်ဆောက်

ဘာလင်   ဇွန်    ၂၂


ဇိမ်ခံကားများ၊     ပြိုင်ကားများ ထုတ်လုပ်သည့်   ဂျာမဏီအခြေစိုက်ကား ကုမ္ပဏီကြီး Porsche မှ နည်းပညာမြင့် ဘက်ထရီများ ထုတ်လုပ်နိုင်မည့်စက်ရုံ သစ်တစ်ခုကို ဂျာမဏီတွင်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ 


Cellforce ဟုအမည်ပေးထားသည့် စက်ရုံသစ်ကို ဂျာမဏီနိုင်ငံ Tubingen မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကာ Cellforce ၏ ယခင်ဘက်ထရီစက်ရုံများ နှင့်မတူညီသည့်အချက်မှာ  Cellforce သည် အရည်အသွေးကောင်းမွန်မှုနှင့် နည်းပညာမြင့်မားမှုတို့ကို    ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်လုပ်မှု အပိုင်းကိုမူ    သာမန်မျှသာလုပ်‌ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ 


ကမ္ဘာပေါ်တွင် ရေပန်းစားလာမည့် ဘက်ထရီကားများအတွက် ဘက်ထရီ များကို ကားကုမ္ပဏီကြီးများနှင့် နည်း ပညာကုမ္ပဏီကြီးများက အပြိုင်အဆိုင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြံဆလျက်ရှိ နေကြပြီး၊ ဂျာမဏီအခြေစိုက်  Porsche ကမူ ဘက်ထရီကားများတွင် အသုံးပြု မည့် ဘက်ထရီများ၏ ရေရှည်အလုပ် လုပ်ပုံ၊     ရေရှည်တည်တံ့နိုင်မှုနှင့် စွမ်းဆောင်ရည်ပိုင်းများကို အသေးစိတ် လေ့လာဆန်းစစ်ရန် Cellforce ဘက်ထရီ  စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မျိုးဝင်း (Ref;BBC)






အခြားဆက်စပ်သတင်းများ