နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်ခေါင်းဆောင်နှစ်ဦး ကန်သမ္မတနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံမည်

ကဘူးလ်  ဇွန်   ၂၂


အာဖဂန်နစ္စတန်ခေါင်းဆောင် နှစ်ဦးနှင့် လာမည့် ဇွန်လ ၂၅ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူတော်မတွင်  တွေ့ဆုံမည်ဖြစ် သည်။ အမေရိကန်တပ်များအနေဖြင့် အာဖဂန်က    ပြန်ရုပ်သိမ်းနေချိန်တွင် အာဖဂန်ခေါင်းဆောင်၏ ခရီးစဉ်ထွက် ပေါ်လာခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်ရန် စလာနိုင်သည်။ အမေရိကန်တွင်  စက်တင်ဘာ 9/11 တိုက်ခိုက်ခံရမှု အနှစ် ၂၀ ပြည့်နေ့ကို နောက်ဆုံးထားပြီး အာဖဂန်ရှိ အမေရိကန် တပ်ဖွဲ့အားလုံး အပြီးအစီး ပြန်ရုပ်သိမ်း ရန် သမ္မတဘိုင်ဒင်က အမိန့်ထုတ်ထား သည်။ 


အမေရိကန်က   ဆင်နွှဲနေသည့် အရှည်ကြာဆုံး စစ်ပွဲတွင် နောက်ထပ် အောင်မြင်နိုင်ရန်အကြောင်း မရှိသည်ကို ယင်းအနေဖြင့် ယုံကြည်ကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။ အာဖဂန်အနေ ဖြင့် အမေရိကန်တပ်များ ဆုတ်ခွာနေချိန် မှာပင် တာလီဘန်တပ်များက အာဖဂန် အစိုးရတပ်များကို      နေ့စဉ်နှင့်အမျှ တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာပြီး နယ်မြေဒေသ ၄၀ ကို သိမ်းပိုက်ခဲ့ပြီဖြစ် ကြောင်း ကြေညာထားသည်။ 

ရဲခေါင် (Ref;AFP)






အခြားဆက်စပ်သတင်းများ