နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုခရီးစဉ်မှ ကန်ဒေါ်လာဘီလီယံ ၂၀၀ ကျော်ဝင်

ပေကျင်း   ဇွန်    ၂၂


တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှုသည်     ခရီးစဉ်ပေါင်း ၄၀,ဝ၀ဝ ကျော်အထိရောက်ရှိလာပြီဖြစ်ကာ တင်ပို့ခဲ့သောကုန်စည်များမှ အမေရိကန် ဒေါ်လာဘီလီယံ ၂၀ဝ ကျော်ရှိ ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရ သည်။ ၂၀၁၁ ခုနှစ် မတ်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင် ရထားထွက်ခွာလာခဲ့ချိန်မှစ၍ ယင်း ဝန်ဆောင်မှုသည် ဥရောပနိုင်ငံ ၂၂ နိုင်ငံရှိ မြို့ပေါင်း ၁၆၀ ကျော်ထံရောက်ရှိသွားပြီ ဖြစ်ကြောင်း ရပ်ဝန်းနှင့်ပိုးလမ်းမ ဖွံ့ဖြိုး တိုးတက်မှုအဆင့်မြှင့်တင်ရေးဦးဆောင် အဖွဲ့ရုံး၏ အလုပ်သဘော ကွန်ဖရင့်၌ ဖော်ပြချက်အရ သိရသည်။ တိုက်ချင်း ဆက်ရထားလမ်းကြောင်းသည်တရုတ် နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် တွင်ပါဝင်သော      နိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရန်  ယင်းအဆိုပြု ချက်၏ အရေးပါသော အစိတ်အပိုင်း အဖြစ် ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။ 


COVID-19  ကပ်ရောဂါသည် ပင်လယ်နှင့် လေကြောင်းပို့ဆောင်မှုကို ဟန့်တားနေချိန်တွင် ကုန်တင်ရထား ဝန်ဆောင်မှုသည်ဘေးကင်း စိတ်ချမှု၊ တည်ငြိမ်မှုနှင့် ထိရောက်မှုများရှိခြင်း ကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်မှုများ၌ ယုံကြည်စိတ်ချရသော ရွေးချယ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။    ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်း တန် ၉၄,ဝ၀ဝ ခန့် အား ယင်းလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစက်မှု လုပ်ငန်းနှင့်  ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်တည်ငြိမ်စေရန် အထောက် အကူပြုခဲ့ကြောင်း သိရသည်။ 

ရဲခေါင် (Ref;Xinhua)






အခြားဆက်စပ်သတင်းများ