နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းဒုက္ခသည်များ နှစ်ဆတိုးလက်ခံမည်ဖြစ်ကြောင်း ကနေဒါထုတ်ပြန်

တိုရွန်တို   ဇွန်   ၂၁


ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်အရေးကို ကူညီဖြေရှင်းရန် ယခုနှစ်တွင် ဒုက္ခသည်များကို နှစ်ဆတိုးလက်ခံရန် ကြိုးပမ်းချက်တစ်ရပ်အနေဖြင့်  ဆောင်ရွက်မည်ဖြစ်ကြောင်း   ကနေဒါနိုင်ငံက ကမ္ဘာတစ်လွှားသို့   ထုတ်ပြန်ထားသည်။ လူဝင်မှု၊ ဒုက္ခသည်နှင့် နိုင်ငံသားဆိုင်ရာ ကနေဒါဝန်ကြီးက    ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်မီ တစ်ရက်အလိုတွင် ယခုကဲ့သို့  ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဒုက္ခသည်အဖြစ်လျှောက်ထားသူများ၊ နိုင်ငံအတွင်းရောက်လာပြီးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံထားသူ များနှင့်ပြည်ပတွင်ရှိနေသည့် ယင်းတို့၏ မိသားစုဝင်များကို အကာအကွယ်ပေးထားသူများအဖြစ် ကနေဒါကသတ်မှတ်ပြီး အရေအတွက်နှစ်ဆနီးပါးတိုးပြီး လက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီး Mendicino က ကြေညာထားသည်။ 


မူလသတ်မှတ်ထားသည့် အရေအတွက်မှာ ၂၃,၅၀ဝ ဖြစ်ပြီး ယခုတိုးမြှင့် သတ်မှတ်လိုက်သည့်အရေအတွက် မှာ ၄၅,ဝ၀ဝ ဖြစ်သည်။ ကနေဒါအစိုးရအနေဖြင့် ဒုက္ခသည်များကို တာဝန်ယူပြီးခေါ်ရန်၊ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေစိုက်ခြင်းနှင့် စီးပွားရေးအရ ပြောင်းရွှေ့ ဝင်ရောက်ခြင်းကို  ပေါင်းစပ်သည့်အစီအစဉ်တခုကို အတန်အသင့်တိုးချဲ့ရန် လာမည့် ၂ နှစ်တာအတွင်း ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၄ သန်းထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရ သည်။                  

 ရဲခေါင် (Ref;CNN)






အခြားဆက်စပ်သတင်းများ