နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံထုတ် Covid ကာကွယ်ဆေး ပြည်တွင်း၌ စတင်စမ်းသပ်

ဘန်ကောက်   ဇွန်   ၂၁


ထိုင်းနိုင်ငံတွင်    ပြည်တွင်းထုတ် Covid ကာကွယ်ဆေးကိုယင်းနိုင်ငံရှိ လူများ၌      စတင်စမ်းသပ်နေပြီဖြစ် ကြောင်း သိရသည်။   နိုင်ငံအတွင်း COVID-19 ကူးစက်မှုလှိုင်းအဆိုးဆုံး ခံစားနေရပြီး     နိုင်ငံခြားမှ  Covid ကာကွယ်ဆေးများ   မှာယူတင်သွင်း နေချိန်တွင်  ထိုင်းသိပ္ပံပညာရှင်များက ကြိုးပမ်းထုတ်လုပ်နေသည့် ကာကွယ် ဆေး ၄ မျိုးအနက်၂ မျိုးကို စတင် စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆေးဝါးကို ဗြိတိန် AstraZeneca ကုမ္ပဏီ၏ ခွင့်ပြုချက်ရထားပြီး လက်ရှိ Covid     လှိုင်းဒဏ်ခံနေရချိန်တွင် ပြည်တွင်းဖြစ်ကာကွယ်ဆေးများကို အမြောက်အမြားထုတ်ရင်      အချိန် နောက်ကျနေသော်လည်း      အိန္ဒိယ မျိုးကွဲသစ်အတွက်   ပစ်မှတ်ထားကာ လာမည့်နှစ်တွင်     ဖြည့်စွက်ကာကွယ် ဆေးအလုံအလောက်ထုတ်နိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများကိုပါ ကူညီပေးရန် မျှော်လင့်ထားကြောင်း သိရသည်။


ထိုင်းပြည်တွင်းထုတ် Covid ကာကွယ် ဆေးထုတ်လုပ်ရေးကို   ဦးဆောင်နေ သည့်   ချူလာလောင်ကွန်းတက္ကသိုလ် ကာကွယ်ဆေးသုတေသနဌာနက ဒေါက်တာ   Kiat Ruxungtham က ယခု ကာကွယ်ဆေးများကို အိန္ဒိယနှင့် တောင်အာဖရိကကဲ့သို့ ဗီဇပြောင်းပိုး မျိုးကွဲသစ်များ ဆက်လက်ကာကွယ်နိုင် ရေးအတွက် ထုတ်လုပ်သွားရန် မဟာ ဗျူဟာချထားကြောင်း သိရသည်။

ရဲခေါင် (Ref;BBC)






အခြားဆက်စပ်သတင်းများ