နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေကျင်းဆောင်းရာသီအိုလံပစ်အစီအစဉ်များ စတင်ဆွေးနွေး

ဘေကျင်း   ဇွန်   ၂၁


အိုလံပစ်ကော်မတီ၊    မသန်စွမ်း အိုလံပစ်ကော်မတီတို့သည် ၂၀၂၂ ခုနှစ် ဘေကျင်းဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်းဆောင်းရာသီ အိုလံပစ်အစီ အစဉ်တို့နှင့်ပတ်သက်ပြီး စိစစ်ဆွေးနွေး ပွဲကို စတင်နေပြီဖြစ်သည်။ ဘေကျင်း အိုလံပစ်ကော်မတီအနေဖြင့် ကျန်ရှိနေ သေးသည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက်ပြီး အကြောင်းအရာ လိုက် ရှင်းလင်းတင်ပြမှုများကို ပြုလုပ်ခဲ့ကာ ဘေကျင်းဆောင်းရာသီ       အိုလံပစ် ကော်မတီတာဝန်ခံနှင့် အိုလံပစ်ကော်မတီ၊ မသန်စွမ်း အိုလံပစ်ကော်မတီမှကျွမ်းကျင် ပညာရှင်များက တစ်ပြိုင်နက် အစည်း အဝေး ၁၆ ခုနှင့် အနှစ်ချုပ်ဆွေးနွေးမှုကို ပြုလုပ်ခဲ့ကာ အားကစား၊ ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှု၊ ရေရှည်တည်တံ့နိုင်မှု နှင့်  မသန်စွမ်းဆောင်းရာသီ အိုလံပစ် ဆိုင်ရာ    အကြောင်းအရာများတို့ကို ဆွေးနွေးခဲ့ပြီး  ပွင့်လင်းကျယ်ပြန့်စွာ ဆွေးနွေးဖလှယ်ခဲ့သည်။ 


ဘေကျင်းမြို့ဒုမြို့တော်ဝန်၊ ဘေကျင်း ဆောင်းရာသီအိုလံပစ်ကော်မတီ အမှု ဆောင်ဒုညွှန်ကြားရေးမှူး ကျန်းကျန့် တုန်းက ဆောင်းရာသီအိုလံပစ်အတွက် ကြိုတင်ပြင်ဆင်နေမှုမှာ      အပြီးသတ် ကာလကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဘေကျင်းဆောင်းရာသီ     အိုလံပစ် ကော်မတီဟာ အစိမ်းရောင်၊ မျှဝေခံစား ခြင်း၊  ပွင့်လင်းမြင်သာခြင်း၊ သန့်ရှင်း စင်ကြယ်ခြင်းဆိုသည့် အိုလံပစ် ပြုလုပ် ကျင်းပရေးအတွေးအခေါ်ကို အပြည့် အဝအကောင်အထည်ဖော်သွားမှာ ဖြစ် ကြောင်း၊  မျှော်မှန်းထားသည့်အချိန် အတိုင်း အိုလံပစ်ပြိုင်ပွဲကျင်းပနိုင်ရေး နှင့် ရိုးရှင်း၊ လုံခြုံ၊ အားရဖွယ်ကောင်း သည့် ပြိုင်ပွဲကျင်းပရေးတို့ကို အသေ အချာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် ဘက်စုံပြင်ဆင်နေမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး မသန်စွမ်းဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ ပြင်ဆင်ရေးလုပ်ငန်းကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်သွားမှာ ဖြစ်ကာ ဆောင်းရာသီမသန်စွမ်းအိုလံပစ် ပြိုင်ပွဲကိုလည်း      ရှေ့ပြိုင်ပွဲနည်းတူ အောင်မြင်အောင်     စိတ်ဝင်စားဖွယ် ကောင်းအောင်    လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


မျိုးဝင်း (Ref;CNA)






အခြားဆက်စပ်သတင်းများ