နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန် ခရီးသွားလာရေးစည်းမျဉ်းသတ်မှတ်မှု ဆန့်ကျင်မည်ဟု လေကြောင်းလိုင်းများ ထုတ်ပြန်

လန်ဒန်   ဇွန်   ၂၁


ဗြိတိန်လေကြောင်းလိုင်းအနေဖြင့် ဗြိတိန်ရှိ ခရီးသွားလာခွင့်ကန့်သတ်ချက် များကိုလျှော့ချရန်အတွက် အစိုးရကို ဖိအားပေးရန်လာမည့် ဇွန် ၂၃ ရက်တွင် စီစဉ်နေကြောင်း သိရသည်။ 


ဗြိတိန်၏ ကန့်သတ်ချက်အစီအစဉ် မှာ နွေရာသီခရီးသွားလာမှုအမြင့်ဆုံး မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်မျှ ကြာမြင့်မည့်  အစီအစဉ်ဖြစ်နေကာ ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း ငွေကြေး ဆုံးရှုံးခဲ့ရသည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် Covid-19 ကြောင့် နောက်ထပ်နွေရာသီတွင် ဆုံးရှုံးမှုများ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြခြင်းဖြစ် သည်။ 


လေယာဉ်မှူးများ၊ လေယာဉ်အမှု ထမ်းများနှင့် ခရီးသွားကိုယ်စားလှယ် များမှာ ဇွန်လ ၂၃ ရက်တွင် လန်ဒန် အခြေစိုက် Westminster နှင့် ဗြိတိန် နိုင်ငံရှိလေဆိပ်များ၌       အစိုးရထံမှ အထောက်အပံ့များ     တိုးမြှင့်ရယူရန် အတွက် စုရုံးကြမည်ဖြစ်သည်။ Covid 19 ကြောင့် ယူကေလေကြောင်းလိုင်း တွင် အလုပ်အကိုင်ပေါင်း ၄၅၀ဝ၀ ကျော် ဆုံးရှုံးခဲ့ပြီး လေကြောင်း၊ ခရီးသွား လုပ်ငန်းနှင့်  ခရီးသွားလုပ်ငန်းအလုပ် များမှ အလုပ်အကိုင် ၈၆၀ဝ၀ဝ မှာလည်း အစိုးရ၏အစီအစဉ်များကြောင့်သာ ရေရှည်တည်တံ့နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

မျိုးဝင်း (Ref : thenation)






အခြားဆက်စပ်သတင်းများ