နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ကူးစက်ခံရသူနှင့်ထိတွေ့မိခြင်းကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် အစည်းအဝေးများဖျက်သိမ်း

ဖနွမ်းပင်  ဇွန်   ၂၁


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ နှင့်ထိတွေ့မှုရှိခဲ့သည့်အတွက်  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနှင့် လာမည့်သီတင်း ပတ်တွင်     ပြုလုပ်မည့်ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြောကြားလိုက်သည်။ 


ယင်းအနေဖြင့်    Covid  ရောဂါ ကူးစက်မှုရှိ၊ မရှိဆေးစစ်ရန်နှင့်ဇူလိုင်လ ၃ ရက်နေ့အထိ ၁၄ ရက် ကွာရန်တင်း ဝင်ရန် သီးခြားနေရန်လိုအပ်ခြင်းကြောင့် စီစဉ် ထားသည့် ဆွေးနွေးပွဲ      ဖျက်သိမ်းခဲ့ရ ခြင်းအတွက်  တောင်းပန်ကြောင်းနှင့် ယင်းကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက နားလည်ပေးရန် ဝန်ကြီးချုပ်က ယင်း၏  ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားပြော ဆိုခဲ့ခြင်းဖြစ်သည်။ 


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ယခု သီတင်းပတ်အတွင်း     လာရောက်ရန် ရှိပြီး  ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ဖေဖော်ဝါရီလကစ၍  Covid  ရောဂါ ကူးစက်ခံရသူမှာ    ဆက်တိုက်ဆိုသလို တိုးလာနေခြင်းဖြစ်သည်။

 လက်ရှိ ကမ္ဘောဒီးယားတွင် Covid ရောဂါကူးစက်ခံရသူ ၄ သောင်းကျော် နှင့် သေဆုံးရသူမှာ ၄၀ဝ ကျော်ရှိနေကာ ကူးစက်မြန် Delta အမျိုးအစား Covid ပိုးတွေ့ရှိသူမှာ ၇ ဦးရှိနေပြီး ယင်းတို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံကနေ     ပြန်လာ သူများဖြစ်ကြောင်း      ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။       ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ