နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေး- ပါလက်စတိုင်း တိုက်ခိုက်မှုပြန်လည်စတင်

ဂျေရုဆလင်၊  ဇွန် ၂၀ 


ဂျေရုဆလင်ရှိ al-Aqsa ဗလီဝတ် ကျောင်း၌ ပါလက်စတိုင်းများ အစ္စရေး ရဲတပ်ဖွဲ့နှင့် ခဏတာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါလက်စတိုင်းအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဧပြီနှင့် မေလ အတွင်း အကြမ်းဖက် မှုများဆက်တိုက်ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့ သည့်လအတွင်း  ပြင်းထန်သည့်  ၁၁ ရက် ကြာ ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ကာ ယင်းမှာ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ယခုဖြစ်ရပ် မှာ အစ္စရေးနှင့် ပါလက်စတိုင်းကြား မကြာခဏဖြစ်လေ့ရှိသည့် အကြမ်းဖက် မှု မြင်ကွင်း ဖြစ်သည်။ လခြမ်းနီအရေး ပေါ်ဌာနက ပြောကြားရာတွင် ရာဘာ ကျည်ဆန်များနှင့် ကျောက်တုံးများ ကြောင့် ပါလက်စတိုင်း လူမျိုး ၁၁ ဦး မှာ ဒဏ်ရာရခဲ့ပြီး ပါလက်စတိုင်းလူငယ်များ က ရဲစခန်းဝင်ပေါက်သို့ ကျောက်ခဲနှင့် ပေါက်နေကြသည်ကို တွေ့မြင်ရကာ ရဲများက မျက်ရည်ယိုဗုံးများ၊ ရာဘာ ကျည်များဖြင့် ပစ်ခတ်ခဲ့ကြသည်။


ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင်  ဂျူးလူမျိုးရေးလှုပ်ရှားသူ များက “အာရပ်လူမျိုး များသေပါစေ” နှင့်“ ခင်ဗျားတို့ရွာကို မီးလောင်ပါစေ” ဟူသော ကြွေးကြော်သံဖြင့် ချီတက်ဆန္ဒ ပြခဲ့သည်ကို တုန့်ပြန်သည့်အားဖြင့် ဇွန် ၁၉ ရက်က  ဆုတောင်းပတ္ထနာပြုပြီး နောက်ရာချီသောဝတ်ပြုသူတို့က တုန့် ပြန်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ